Friday, December 2, 2011

"ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး ၊ လက်မြှောက်နောက်ဆုတ်သွားပြီဆိုလျှင်ကား သင်လုံးဝရှုံးလေပြီ။"


"သင်တတ်နိုင်မည်ထင်မလား ၊ မတတ်နိုင်ဘူးထင်သလား...? မည်သို့ ထင်သည်ဖြစ်စေ သင့်အထင်မှန်ပါလိမ့်မည်။"


"သင့်အာရုံထဲတွင်မြင်ယောင်မှန်ဆ၍ ရမည်၊ ဖြစ်ရမည်ဟုလည်း ယုံကြည်မည်ဆိုလျှင် ထမြောက်အောင်မြင်မှာ မုချဖြစ်သည်။" (နပိုလီယန်ဟေးလ်)


"ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မကြည့်နှင့်၊ ကြောက်စိတ်ဖြင့်လည်းရှေ့ ရေးမတွေးတောနှင့်၊ ပညာသတိဖြင့်သာ ၀န်းကျင်ကိုရှုမြင်ပါ။"

(ဂျိမ်းစ်သာဗာ)


"ကြီးမားသည့်အဆီးအတားဟူသည် သင့်မျက်စိကိုပန်းတိုင်မှ လွှဲဖယ်လိုက်မိစဉ် မြင်ရတတ်သည့် ကြောက်မက်ဖွယ်ရာ တို့ ကိုဆိုပေသည်။"

(ဟန်နရီဖို့ ဒ်)




အတွေ့ အကြုံဆိုတာ

အရက်စက် အကြမ်းကြုတ်ဆုံး

ဆရာပဲ၊

ဒါပေမယ့် အဲဒီက သင်ခန်းစာယူစမ်းပါ၊

ယူဖြစ်အောင် ယူပါ။

[စီအက်(စ်)လူးဝစ်]



ဓနထက်


သီလကို


ဦးစားပေးပါ။

[အေမော့(စ်) လောရင့်(စ)]



လိမ်လည်ပြီး အောင်မြင်ခြင်းထက်


သိက္ခာရှိရှိ ရှုံးနိမ့်ရခြင်းက


သာ၍မြတ်၏။

[ဆောဖောကလိ(စ)]



စကားလုံး တစ်ထောင်ထက်

ဆောင်ရွက်မှုတစ်ခုက

ပို၍အရာထင်သည်။

[ဟင်းနရစ် အစ်(ဘ)ဆင်]



ကိုယ်ကျင့်တရားနှင့် ပက်သက်လာလျှင်

စာတွေ့ ထက်

ကိုယ်တွေ့ သင်ခန်းစာများသာ

အစွဲမြဲဆုံးဖြစ်သည်။

[မတ်တွိန်း]



သည်ကနေ့ ထက်

ပို၍ အဖိုးတန်သောအရာ မရှိပါ။

[Goethe]



ခွင့်လွှတ်ခြင်းဟူသည်

မေတ္တာ၏

အမြင့်မားဆုံး

အသွင်သဏ္ဌန်တစ်ရပ်ဖြစ်သည်။

ကျတော်သိသင့်သမျှ အရာအားလုံး သူငယ်တန်းထည်းက သင်ယူခဲ့ပြိးပါပြီ


ဖေမြင့်

ဘ၀မှာ ဘယ်လိုနေမည်၊ ဘာတွေလုပ် မည်၊ ဘယ်ပုံဖြစ်ရမည် ဆိုတာတွေ နှင့် ပတ်သက်၍ ကျွန်တော် သိသင့် သိထိုက်သည့်အရာ အများစုကို သူငယ်တန်းမှာ ကတည်းကပင် ကျွန်တော်သင်ယူခဲ့ရပြီး ဖြစ်သည်။ အသိဥာဏ် အမြော်အမြင် ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထိပ်ပေါ်မှာ ရှိသည်မဟုတ်၊ မူကြိုကျောင်းက ကလေးကစားသည့် သဲကျင်းလေးထဲမှာ ပင်ရှိနေပါသည်။


အဲသည်မှာ ကျွန်တော်သင်ခဲ့ သိနားလည်ခဲ့ရတာတွေက အများကြီး။


ဘယ်အရာမဆို အများနှင့် ဝေမျှယူရမည်။


မတရား မလုပ်ရ။


သူတစ်ပါးကို မရိုက်ရ။


ပစ္စည်းတစ်ခု ယူကိုင်ပြီးလျှင် မူလနေရာမှ ပြန်ထားရမည်။


ကိုယ်ရှုပ်ထားသည့် အမှိုက် ကိုယ့်ဘာသာ ရှင်းရမည်။


ကိုယ့်ဥစ္စာ မဟုတ်ဘဲ မယူရ။


ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ထိခိုက်နာကျင်သွားလျှင် တောင်းပန်ရမည်။


အစာမစားမီ လက်ဆေးရမည်။


အိမ်သာသွားပြီးလျှင် ရေဆွဲခဲ့ရမည်။


ကွတ်ကီ(ဘီစကစ်) နှင့် နွားနို့သည် ပူပူနွေးနွေး စားသုံးမှကောင်းသည်။


ဘ၀ကို မျှတစုံလင်စွာ နေထိုင်ရမည်။


စာနည်းနည်းဖတ်ရမည်။


ဦးနှောက်က နည်းနည်းစဉ်းစားရမည်။


ပုံဆွဲရမည်၊ ဆေးခြည်ရမည်၊ သီချင်းဆိုရမည်၊ ကရမည်၊ ကစားရမည်၊ အလုပ်လုပ်ရမည်၊ အားလုံးနည်းနည်းစီ နေ့စဉ်လုပ်ရမည်။


ပြီးတော့………….


နေ့လယ်ခင်းမှာ တစ်ရေးအိပ်ရမည်။


အပြင်ထွက်လျှင် ယာဉ် အသွားအလာကို ကြည့်၊ သူငယ်ချင်းနှင့် လက်တွဲ မခွဲမခွာဘဲ ကူးရမည်။


လောကကြီးထဲက အံသြစရာတွေကို ကြည့်တတ်မြင်တတ်ရမည်။ ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးကို သတိရ၊ အမြစ်က အောက်ဘက်ထိုးဆင်းသွားပြီး ပင်စည်က အပေါ်ထောင်တက်လာခြင်းဖြစ်သည် ဘာကြောင့်လဲ၊ သည်ကိစ္စ ဘယ်သူမျှ အဖြေမပေးနိုင်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သည်သစ်စေ့လေးအတိုင်း အံ့သြစရာ။


ပြီး... ရွှေငါးလေးတွေ၊ ဟမ္မစတာ ကြွက်ကြီးတွေ၊ ကြွက်ဖြူလေးတွေအပြင် စောစောက ပြောခဲ့သည့် ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးသည်ပင် တစ်နေ့မှာ သေဆုံးရမည်။ ကျွန်တော်တို့သည်လည်း ထိုနည်းလည်းကောင်း……..။


အဲသည်နောက် ဒစ်(ခ)(ကောင်းလေး)နှင့် ဂျိန်း (ကောင်မလေး) ပါသည့် ဖတ်စာအုပ်အကြောင်း ပြန်ပြောင်း တွေးကြည့်စမ်းပါ။ သင်ပထမဆုံး သင်ရသည့် သင့်အတွက် အကြီးမားဆုံး ဝေါဟာရက ဘာလဲ။


Look ကြည့်ပါ .. တဲ့။ မှန်သည်။ လိုက်ရှာကြည့်ပါ။ တစ်နေရာရာမှ ပါသည်။ ကိုယ်ချင်းစာတရားပါသည်။


ချစ်ခြင်းမေတ္တာပါသည်။ သန့်ရှင်းစင်ကြယ်မှုပါသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်တို့ ဆက်စပ် ရပ်တည်နေပုံကို ပြသည့် ecology သဘောတရားကိုလည်း သူ့အထဲမှာ တွေ့ရမည်။ နိုင်ငံရေး၏ သဘောကိုလည်း တစ်စွန်းတစ်စ ရိပ်စားမိရသ်ည်။ အသိဥာဏ်ရှိစွာ အသက်ရှင် နေထိုင်ရန် နည်းလမ်းများလည်း သူပေးထားသည်။


စဉ်းစားကြည့်ပါ။


ကမ္ဘာပေါ်မှာ ရှိသည့် ကျွန်တော်တို့ လူသားတွေအားလုံးသာ နေ့လယ် ၃ နာရီမှာ ကွတ်တီ ပူပူစား ၊ နွားနို့ ပူပူလေးသောက်ကာ စောင်လေး ကိုယ်စီခြုံပြီး တစ်ရေးအိပ်ကြမည်ဆိုလျှင် ကမ္ဘာကြီး သခုထက် မည်မျှ ပို၍ အေးချမ်းသွားပါမည်နည်း။


သို့တည်းမဟုတ် ကျွန်တော်တို့ တိုင်းပြည်အသီးသီးမှာ “ကိုယ် ကိုင်မိသည့် ပစ္စည်းကို မူလ တွေ့ခဲ့သည့် နေရာမှာ ကိုယ်ပြန်ထားမည်၊ ကိုယ်ရှုပ်သည့် အမှိုက်ကို ကိုယ်ပြန်ရှင်းမည်” ဟူသော မူဝါဒကိုယ်စီ တိတိကျကျ ချထားကြမည် ဆိုလျှင်ကော သည်ကမ္ဘာကြီး ဘယ်လောက်သာယာလှပသွားမည်နည်း။


ပြီး…….စဉ်စားကြည့်ပါ။ သင်တို့ ကျွန်ုပ်တို့ အသက်အရွယ် ဘယ်မျှ ရှိသည်ဆိုစေ အပြင်လောက ကမ္ဘာထဲထွက်သည့် အခါ လက်ချင်းမြဲမြဲတွဲ၍ မခွဲမခွာ သွားကြမည်ဆိုလျှင် အားလုံးအတွက် မည်မျှပျော်ရွှင် ချမ်းမြေ့စရာ ဖြစ်သွားပါ မည်နည်း……………။


ထိမ်းမြားမင်္ဂလာ လက်ထပ်ခြင်း


လက်ထပ်ခြင်း သည် လူမှုရေး၊ ဘာသာရေး၊ အယူစွဲမှု သို့မဟုတ် တရားဥပဒေ အတိုင်း လူပုဂ္ဂိုလ်များ ပေါင်းစပ်ခြင်းဖြစ်သည်။ ၄င်းပေါင်းစပ်မှုကို ထိမ်းမြားခြင်း ဟုလည်းခေါ်ပြီး အစပိုင်းကို မင်္ဂလာဆောင်ပွဲ များဖြင့် အသိအမှတ်ပြုလေ့ရှိသည်။ လက်ထပ်ထားသူကို အိမ်ထောင်ကျပြီးသူ ဟု လူမှုရေး အဆင့်တစ်ရပ် တိုးမြှင့်သည်။


လက်ထပ်ခြင်းသည် လူပုဂ္ဂိုလ် ဆက်ဆံမှု ပေါင်းစည်းခြင်းဖြစ်ပြီး အစိုးရ သို့ ဘာသာရေး မှ အသိအမှတ်ပြုကာ အများအားဖြင့် အနေနီးစပ်ပြီး လိင်ဆက်ဆံခြင်း ပြုနိုင်သည်။ လက်ထပ်ခြင်း ယဉ်ကျေးမှုသည် လက်ထပ်ခြင်း ဥပဒေအရ အစိုးရ အဖွဲ့အစည်းများမှ တရားဝင်ဖြစ်သည်။ ထိုသူတို့၏ ဘာသာရေးအရ သို့မဟုတ် ယေဘုယျအားဖြင့် လူမှုရေး အရ လက်ထပ်ခြင်းကို အစိုးရမှ အသိအမှတ်ပြုလျှင် ထိုသူတို့၏ လူမှုရေး အဆင့်အတန်း မှာ တိုးမြှင့်သွားသည်။


လူတို့သည် အကြောင်းကြောင်းများကြောင့် လက်ထပ်ကြသော်လည်း များသောအားဖြင့် တရားဝင်ရန်၊ လူမှုရေး ဂုဏ်၊ မိသားစု တည်ထောင်ခြင်းကြောင့် စီးပွားရေး တည်ငြမ်းမှု၊ သားမွေးခြင်း၊ တရားဝင် လိင်ဆက်ဆံလိုခြင်း၊ အချစ်ကို လူပုံအလည် ချပြလိုခြင်း နှင့် နိုင်ငံသား ရယူလိုခြင်း စသည့် အကြောင်းများကြောင့်ဖြစ်သည်။

ရင်းနှီးသော ဆက်ဆံရေးများ




လက်ထပ်ခြင်း သည် ပုံစံများ စွာ ရှိသည်။ ဥပမာ ယောင်္ကျား တစ်ယောက် နှင့် မိန်းမ တစ်ယောက်တို့ ပေါင်းစည်းသော လိင်ကွဲ တစ်လင်တစ်မယား လက်ထပ်ခြင်း၊ တစ်ယောက်သောသူက အိမ်ထောင်ဖက် တစ်ယောက် ထက်ပို၍ အိမ်ထောင်ပို (polygamy) လက်ထပ်ခြင်း နှင့် လိင်တူ လက်ထပ်ခြင်း တို့ဟု၍ ရှိသည်။


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ တွင်


အရွယ်ရောက် ပြီးသော ယောင်္ကျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။


ဟု ဆိုသည်။

Contents

[hide]


* 1 အိမ်ထောင်ဖက် ရွေးချယ်ခြင်း

* 2 လက်ထပ်ခြင်း အခမ်းအနား

* 3 မြန်မာ့ ဓလေ့

o 3.1 အာဝါဟ၊ ၀ိဝါဟ

o 3.2 စုလျှားရစ်ပတ်

o 3.3 မင်္ဂလာလက်ထပ်စာချုပ်

o 3.4 လက်ထပ်စာချုပ်ပါ လိုအပ်ချက်များ

o 3.5 အသက်

o 3.6 တရားဝင်လင်မယား ထင်ရှားစေရန် သက်သေခံချက်များ

* 4 ကျမ်းကိုး


[ပြင်ဆင်ရန်​] အိမ်ထောင်ဖက် ရွေးချယ်ခြင်း


အိမ်ထောင်ဖက် ရွေးချယ်ခြင်းတွင် အတွဲသည် ပိုးပမ်းမှု သို့မဟုတ် အတွဲ၏ မိဘများ သို့ တာဝန်ရှိသူများ က ပေးစားခြင်း တို့ ပါဝင်သည်။


ထုံးစံအားဖြင့် ပေးစားခြင်း ပင်လျှင် အတွဲကိုယ်၌က နောက်ဆုံး ဆုံးဖြတ်ကြသော်လည်း မိဘများသည် မိရိုးဖလာကြောင့်ဖြစ်စေ တစ်ခါတစ်ရံ အထူးအကြောင်း အချက် (ဥပမာ အတင်အသ ကောင်း၍) တို့ကြောင့်ဖြစ်စေ မိဘများက ဇွတ်ပေးစားတတ်ကြသည်။ တစ်ခါတစ်ရံ မိဘပေးစားခြင်းသည် အလွန် လူသက်သာသောကြောင့် မိဘစကား နားမထောင်ချင်စေကာမူ ပေးစားခြင်းကို လိုလိုလားလား လက်ခံကြသည်။ ဇွတ်ပေးစားခြင်း သည် အနည်းငယ်သော လူအဖွဲ့အစည်းများတွင်သာ တွေ့ရတတ်ပြီး ပေးစားခြင်း ကိုလက်ခံသောသူကပင် ဇွတ်ပေးစားခြင်း ကိုပြစ်တင် ဝေဖန်သည်။

[ပြင်ဆင်ရန်​] လက်ထပ်ခြင်း အခမ်းအနား


Main article: မင်္ဂလာဆောင်ပွဲ


လက်ထပ်ခြင်းသည် အများအားဖြင့် မင်္ဂလာဆောင်ပွဲ သို့မဟုတ် လက်ထပ်ခြင်း အခန်းအနား ဖြင့် အရေးတယူ ပြုကြသည်။ အခမ်းအနားကို ဘာသာရေး ဆရာများကဖြစ်စေ အစိုးရ အသိအမှတ်ပြု ပုဂ္ဂိုလ်ကဖြစ်စေ၊ ဒေသ အသိအမှတ်ပြု ပွဲဆရာ ကဖြစ်စေ ဘောင်ဝင်အောင် ကျင်းပသည်။ ဥရောပ နှင့် လက်တင် အမေရိက နိုင်ငံများတွင် မည်သည့် ဘာသာရေး ပွဲမဆို လူမှုရေးပွဲ နှင့် ခွဲခြား၍ ကျင်းပရမည်ဟု ဆိုသည်။ အချို့နိုင်ငံများတွင် - ဥပမာ ဘယ်လ်ဂျီရမ်၊ ဘူလဂေယီးယာ၊ နယ်သာလန် နှင့် တူရကီ - တို့တွင် ဘာသာရေး ပွဲများကို လူမှုရေးပွဲ ကျင်ပပြီးမှသာ ကျင်းပခွင့်ရှိသည်။

[ပြင်ဆင်ရန်​] မြန်မာ့ ဓလေ့

[ပြင်ဆင်ရန်​] အာဝါဟ၊ ၀ိဝါဟ


အာဝါဟ၊ ၀ိဝါဟ ဆိုသည်မှာ မင်္ဂလာအခမ်းအနား ကျင်းပရာ နေရာကို လိုက်ပြီး ခေါ်ဝေါ်တာဖြစ်သည်။


* အာဝါဟ - ယောက်ျားလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း၊

* ၀ိဝါဟ - မိန်းကလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း လို့အဓိပ္ပါယ်ရသည်။


[ပြင်ဆင်ရန်​] စုလျှားရစ်ပတ်


စုလျှားရစ်ပတ် လက်ထပ်ထိမ်းမြားခြင်း ဆိုသော စကားလုံးမှာ စုလျှား ပုဝါနဲ့ရစ်ပတ် ထိမ်းမြားခြင်း၊ သတို့သမီးသတို့သား ညာလက်နှစ်ဖက်ကို ထပ်ပြီး လက်ထပ်ထိမ်းခြားခြင်းကို ပေါင်းစပ်ပြီးတော့ ခေါ်တာဖြစ်သည်။ ပန်းကုံးစွပ်ခြင်း၊ မင်္ဂလာလက်စွပ်လဲခြင်းများသည် မြန်မာမှု ထိမ်းမြားခြင်းပုံစံကို ခေတ်မှီအောင်ဖြည့်စွက်ထားသော သဘောရှိပါသည်။ ပန်းကုံးစွပ်ခြင်းမှာ မြန်မာ့ယဉ်ကျေးမှု ဆိုသည်ထက် အိန္ဒိယဆန်သော ယဉ်ကျေးမှုဟု သတ်မှတ်လိုက သတ်မှတ်နိုင်ပေသည်။

[ပြင်ဆင်ရန်​] မင်္ဂလာလက်ထပ်စာချုပ်


ခုခေတ်တွင် မင်္ဂလာဧည့်ခံပွဲ အခမ်းအနားမပြုလုပ်ခင် ကြိုတင်ပြီး နှစ်ဦးသဘောတူ မင်္ဂလာလက်ထပ်စာချုပ် ချုပ်ဆိုထားတတ်ကြသည်။ ထို့ကြောင့် ဥပဒေအရ တရားဝင် လင်ခန်းမယားခန်းမြောက်နေပေသည်။ မင်္ဂလာမောင်နှံလောင်း လက်မှတ်ထိုးထားတဲ့ စာချုပ်ကို မော်ကွန်းမှတ်တမ်း တင်ပေးထားတတ်ကြသည်။


မော်ကွန်းတင်နိုင်သော တရားရေးဆိုင်ရာ ပုဂ္ဂိုလ်များမှာ-


1. ဒုတိယမြို့နယ်တရားသူကြီး နှင့်အထက်တရားသူကြီးများ၊

2. ဒုတိယမြို့နယ်ဥပဒေအရာရှိနှင့်အထက် ဥပဒေအရာရှိကြီးများ၊

3. ရှေ့နေချုပ်ရုံး ဒုတိယ ဦးစီးမှုးနှင့် အထက်အရာရှိကြီးများ ဖြစ်သည်။


[ပြင်ဆင်ရန်​] လက်ထပ်စာချုပ်ပါ လိုအပ်ချက်များ


1. သတိုးသား၏ အသက်

2. သတိုးသမီး၏ အသက်

3. လွတ်လပ်သော သဘောတူညီချက်

4. နှစ်ဦးစလုံးသည် စိတ်ပေါ့သွပ်သူများမဖြစ်စေရ။

5. သတိုးသမီးမှာ မပြတ်ဆဲသော တရားဝင်လင်ယောင်္ကျားမရှိစေရ။

6. ပေါင်းသင်းစပ်ယှက်မှု ရှိရန်မလို။[1]


[ပြင်ဆင်ရန်​] အသက်


လက်ထပ်ထိမ်းမြားရာတွင် သတို့သား၏ အသက်ကို အတိအကျ ကန့်သတ်ထားတာ မရှိပါ။ ကျန်းမားရေးအရ အရွယ်ရောက်ပြည့်စုံလျှင် မိဘသဘောတူညီချက်မလိုပဲ လက်ထပ်ထိမ်းမြားခွင့် ရှိသည်။ သတို့သမီးအတွက်တွင်မူ ကန့်သတ်ချက်ရှိသည်။ အသက် ၁၅ နှစ်ထက် မငယ်ရပါ။ သတို့သမီး ၁၅ နှစ်နဲ့ ၂၀ နှစ်ကြားမှာ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရှိမှ၊ လက်ထပ်ထိမ်းမြားမှု အထမြောက်သည်။ မိဘကန့်ကွက်ရင် မရပါ။ တချို့က ၁၈ နှစ်ပြည့်ပြီးတာနှင့် မိဘခွင့်ပြုချက်မလိုတော့ဘူးလို့ ထင်ကြပါသည်၊ ဥပဒေကြောင်းအရ အသက် ၂၀ ပြည့်မှ မလိုအပ်ခြင်း ဖြစ်သည်။ (တစ်ခုလပ်တစ်လင်ကွာနှင့် မုဆိုးမများမှလွဲလျင် အသက် (၂၀) မပြည့်သေးသော မိန်းကလေးတစ်ယောက်ဖြစ်ပါမူ မိဘအုပ်ထိန်းသူ၏ သဘောတူညီချက် ရယူရပေမည်။ မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို မရလျှင် ၏ထိမ်းမြား ခြင်းမမြောက်။ သို့သော် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို နောက်မှရရှိလျှင် ရရှိသည့်နေ့ရက်မှစ၍ ထိမ်းမြားခြင်းမြောက်သည်။) [2]


မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက် ထိမ်းမြား လက်ထပ်ခြင်း တမျိုးမျိုးပြုလုပ်ခြင်း၊ ဧည့်ခံအခမ်းအနားပြုလုပ်ခြင်းကို လူမှုရေးအရ ပြုလုပ်တယ်လို့ပဲ သဘောထားပါသည်။ လင်မယားအရာမြောက်ဖို့ တရားဝင်မလိုအပ်ပါ။ စာချုပ်ချုပ်ဆိုခြင်း၊ ထိမ်းမြားခြင်း အခမ်းအနား မပြုလုပ်ဘူးဆိုလျှင် တရားဝင်လင်မယားဖြစ်ကြောင်း သက်သေပြနိုင်ရမယ်လို့ ဆိုပါသည်။ တောနယ်များနှင့် ရှေးလူကြီးများအတွက် လက်ထပ်စာချုပ် လုပ်လေ့လုပ်ထမရှိပါ။ ခေတ်မီလူငယ်တွေအတွက် လက်ထပ်စာချုပ် ချုပ်ဆိုမှုသည် အလွယ်အကူဆုံးနှင့် အသေချာဆုံးသည်။

[ပြင်ဆင်ရန်​] တရားဝင်လင်မယား ထင်ရှားစေရန် သက်သေခံချက်များ


1. ယောက်ျားကဖြစ်စေ၊ မိန်းမကဖြစ်စေ ၂ဦးစလုံးက ဖြစ်စေ ၎င်းတို့သည် လင်မယားဟု ဖွင့်ဟပြောဆိုဖူးသလား။

2. ၎င်းတို့အတူနေသလား။

3. တစ်ဦးနှင့်တစ်ဦးသော်၎င်း၊ အခြားသူများနှင့်သော်၎င်း၊ သာမန်လင်မယားတို့ကဲ့သို့ ပြုမူဆက်ဆံသလား။

4. ၎င်းတို့သည် ဆွေမျိုးများ၊ မိတ်ဆွေများထံသို့ အတူတကွသွားလာ လည်ပတ်သလား။

5. ၎င်းတို့သည် ဇရပ်၊ ကျောင်းကန် ဘုရားများသို့ အတူတကွသွားလား၊ အလှူဒါန အတူပြုသလား။

6. ယောက်ျားအား၎င်း၊ မိန်းမအား၎င်း တစ်ဖက်မှဆွေမျိုးများက မည်ကဲ့သို့ ဆက်ဆံသနည်း။

7. မိန်းမနှင့် ၎င်း၏မိဘများ အဆင့်အတန်း အကျင့်စာရိတ္တ။

8. ၎င်းတို့၏ ဆက်ဆံပုံမှာ တရားဥပဒေနှင့် ဆန့်ကျင်ပြီး တိတ်တိတ်ပုန်း ဆက်ဆံသည်ဟု မိတ်ဆွေများ၊ ဆွေမျိုးများက ထင်မှတ်စရာ အကြောင်းရှိပါသလား။

9. ပစ္စည်းခန်းတွင် နှစ်ဦးပူးတွဲ ဆက်ဆံသလား။

10. တစ်ယောက်သေဆုံးပြီး အသုဘကိစ္စ၌ ကျန်တစ်ယောက်၏ အပြုအမူ (ဥပမာ၊ သတင်းစာများတွင် ကြေငြာခြင်း၊ အသုဘကိစ္စ၌ အပြုအမူများ)။


အထက်ပါအချက်များနှင့် အခြားပတ်ဝန်းကျင် အခြေအနေများ (အားလုံး မလိုသော်လည်း) ကို ထောက်ထား၍၊ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် လင်မယားဖြစ်သည် မဖြစ်သည်ကို ဆိုသည့်ပြဿနာကို ဆုံးဖြတ်ရပေမည်။ [3]




မြန်မာ လက်ထပ် ထိမ်းမြားခြင်း

From Myanmar Online Encyclopedia

Jump to: အညွှန်း​, ရှာဖွေရန်

ယေဘုယျ အတွက် လက်ထပ်ခြင်း ကို ကြည့်ပါ။

မင်္ဂလာမောင်နှံ


ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလား မြောက်သောအခါတွင် အိမ်ထောင် ပြုကြသည်မှာ လောကဓမ္မတာ တစ်ခုပင် ဖြစ်သည်။ ထိုသို့ အရွယ်ရောက်သော ယောက်ျား တစ်ယောက်နှင့် အရွယ်ရောက်သော မိန်းကလေး တစ်ယောက် အိမ်ထောင် ပြုသည်ကို မြန်မာတို့က ထိမ်းမြား မင်္ဂလာဆောင်သည်ဟု ခေါ်ဝေါ် သမုတ်ကြ လေ့ရှိသည်။ ထိုအခါ မျိုးများတွင်လည်း မင်္ဂလာ အခမ်းအနားများကို ကျင်းပ လေ့ရှိကြသည်။

Contents

[hide]


* 1 မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာ အခမ်းအနားများ

* 2 မင်္ဂလာဆွမ်းကပ်ခြင်း

* 3 ရုံးတက်လက်ထပ်ခြင်း

* 4 ညစာစားပွဲများ

* 5 ထိမ်းမြား မင်္ဂလာ (၁၀)ပါး


[ပြင်ဆင်ရန်​] မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာ အခမ်းအနားများ


မြန်မာနိုင်ငံကား ရှေးနှစ်ပေါင်း များစွာ ကတည်းကပင် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သည်။ ထို့အတွက် မြန်မာ့ လူမှုနယ်ပါယ်တွင် ထိမ်းမြား မင်္ဂလာဆောင်ခြင်း ကိစ္စနှင့် ပတ်သတ်၍ “တစ်သက်မှာ တစ်မင်္ဂလာ” ဟူသော စကားတစ်ခုသည် အထူးပင် ရေပန်းစား ခဲ့လေသည်။ အဆိုပါ စကားကို မြန်မာ အမျိုးသားများ အနေဖြင့် ဥပက္ခာပြု မထားကြသည့်တိုင် မြန်မာ အမျိုးသမီးများကမူ ထိုစကားအပေါ် အထူးသဖြင့် ပို၍ အလေးထားကြ ဟန်ရှိသည်။ ထို့အတွက်လည်း အမျိုးသမီးများ အနေဖြင့် မင်္ဂလာအခမ်းအနား ကျင်းပခြင်းကို အမျိုးသားများထက် ပို၍ နှစ်ခြိုက် ကြခြင်းလည်း ဖြစ်ပုံရသည်။


မင်္ဂလာ အခမ်းအနား ကျင်းပ ရာတွင်လည်း အမျိုးသမီးများက အမျိုးသားများထက် ပို၍ ပြင်ဆင် ခြယ်သ ကြလေ့ရှိသည်။ သို့ရာတွင် ၄င်းတို့၏ ၀တ်စား ဆင်ယင် ပုံများကတော့ ရှေးမြန်မာ့ ရိုးရာများ အတိုင်းပင် ဖြစ်သည်။ မြန်မာဘုရင်များ လက်ထက်က နန်းတွင်းသူများ ၀တ်သည့် ပုံစံအတိုင်းပင် ဖြစ်သည်။ တင်ပါး အထိဖုံးသော ခါးထောင် အင်္ကျီနှင့် ထိုင်မသိမ်း ပင်ဖြစ်သည်။ အရောင်အသွေး ၊ ပိတ်စ အမျိုးအစားနှင့် ခေတ်အလျောက် ဒီဇိုင်း အနည်းငယ် ပြောင်းလဲမှု ရှိသည့်တိုင် အခြေခံပုံစံ ကတော့ ဆိုခဲ့ပြီးသလို ရှေးမြန်မာ နန်းတွင်းသူတွေ အတိုင်းပင်ဖြစ်သည်။ အလားတူပင် မြန်မာ အမျိုးသားများ မှာလည်း မင်္ဂလာ အခမ်းအနားတွင် ရိုးရာ အ၀တ် အထည်များ ကိုသာ ၀တ်ဆင် ကြသည်။ မင်္ဂလာဆောင်မည့် အမျိုးသား (သတို့သား) အတွက် အဓိကျသည့် ၀တ်စုံမှာ ခေါင်းပေါင်း ၊ ကော်လံကတုံး ရှပ်အင်္ကျီ အဖြူ ၊ တိုက်ပုံ နှင့် သာမန် လုံချည်များထက် နှစ်ဆနီးပါးမျှ ပို၍ရှည် လျားသော (တောင်ရှည်) ပုဆိုးတို့ ဖြစ်သည်။ ထိုဝတ်စုံနှင့် လိုက်ဖက် ညီအောင်လည်း သတို့သားမှာ ကတ္တီပါ (သို့မဟုတ်) သားရေ ညှပ်ဖိနပ်ကိုသာ စီးနင်းကြလေ့ ရှိသည်။

ဘိသိက်ဆရာ


အခမ်းအနား အများအပြားတွင် အခမ်းအနားမှုး (Master of Ceremony) ရှိလေ့ ရှိကြသည့် အတိုင်း မြန်မာ့ မင်္ဂလာ အခမ်းအနားများတွင် လည်းအခမ်းအနားမှုး လုပ်သူများပါရှိ လေ့ရှိကြသည်။ ထိုသူကို မြန်မာမှု အခေါ်အဝေါ်အရ ဘိသိက်ဆရာ ဟုခေါ်လေ့ရှိသည်။ ထိုဘိသိက်ဆရာက မင်္ဂလာ အခမ်းအနား တစ်ခုလုံးကို ဦးဆောင် ကျင်းပပေးရသလို မင်္ဂလာ သတို့သားနှင့် သတို့သမီး အပါအ၀င် နှစ်ဖက်သော မိဘဆွေမျိုး အသိုင်းအ၀ိုင်းအား ချီးမွမ်းခန်း နှင့် မင်္ဂလာ သတို့သားနှင့် သတို့သမီးတို့ ရွှေလက်မြဲမြဲ တွဲနိုင်ပါစေကြောင်း ဆုတောင်းခန်း တစ်ခုပါရှိသည့် ကဗျာရှည် တစ်ပိုဒ်ကို အထူး ရေးသားကာ ဖတ်ကြားပေးရသည်။ ဤသို့ ဖတ်ကြားပေးခြင်းကို ဘိသက် မြောက်ခြင်းဟု ခေါ်သည်။ သြဘာ စာဖတ်သည်ဟုလည်း သုံးနှုန်းကြသည်။ သို့ရာတွင် အဆိုပါ ဘိသိက်ဆရာမှာ မင်္ဂလာ အခမ်းအနား တစ်ခုလုံးကို ဦးဆောင် ကျင်းပ ပေးရသူဖြစ်သည့်တိုင် အခမ်းအနား ထွက်ရာတွင် မင်္ဂလာမောင်နှံရှေ့မှ ဦးဆောင် ခွင့်ရသူမဟုတ်ပေ။ မင်္ဂလာမောင်နှံရှေ့မှ ဦးဆောင် ထွက်ခွင့် ရသူမှာတော့ ပန်းကြဲသည့် မိန်းမပျိုသာဖြစ်သည်။ ထိုမိန်းမပျိုက မင်္ဂလာမောင်နှံ ရှေ့မှ ဦးဆောင်ကာ မင်္ဂလာ မောင်နှံလာမည့် လမ်းတစ်လျှောက် (စတိသဘော) ပန်းကြဲ ပေးရခြင်းဖြစ်သည်။ ထိုသို့ ပန်းကြဲခြင်းမှာ မြန်မာ့ရိုးရာ ရှေးရိုး အစဉ်အလာ တစ်ရပ် ဖြစ်ပြီး မင်္ဂလာမောင်နှံ၏ ဘ၀ခရီး တစ်လျှောက် ပန်းခင်းသော လမ်းတွင် လျှောက်ရ ပါစေကြောင်း အတိတ်နိမိတ်ကို ဆောင်ကျဉ်းခြင်းဖြစ်သည်။


အဆိုပါ ပန်းကြဲသော မိန်းမပျို၏ နောက်တွင် မင်္ဂလာမောင်နှံက နေရာယူကြရသည်။ ၄င်းတို့၏ နောက်တွင်မှ သတို့သား ၊ သတို့သမီး အရံများ ၊ မင်္ဂလာမောင်နှံ၏ နှစ်ဘက်သော မိဘများက တန်းစီလိုက်ပါကာ အခမ်းအနား ထွက်ကြရသည်။ (သို့ရာတွင် အချို့သော မင်္ဂလာဆောင်များ တွင်မူ ပန်းကြဲသည့် မိန်းမပျိုနှင့် မင်္ဂလာ မောင်နှံကြားတွင် မင်္ဂလာလက်စွပ် ဗန်းကိုင်များ ၊ မင်္ဂလာ ပန်းကုံးကိုင်များကို တတ်နိုင်လျှင် တတ်နိုင်သလို ထည့်သွင်း ကြလျက်ရှိသည်။)

မင်္ဂလာဆွမ်းကပ်ခြင်း


မင်္ဂလာ အခမ်းအနားသို့ ကြွရောက်လာသော ပရိတ်သတ်များမှာ သတို့သားနှင့် သတို့သမီး ၊ နှစ်ဖက်သော အသိုင်းအ၀ိုင်းမှ ဆွေမျိုးများ ၊ မိတ်ဆွေ သင်္ဂဟများနှင့် ၄င်းတို့၏ မိဘများ၏ မိတ်ဆွေ သင်္ဂဟများ ၊ အိမ်နီးချင်းများသာ ဖြစ်လေ့ရှိကြသည်။ သို့ရာတွင် ထိုသို့ မင်္ဂလာ အခမ်းအနားသို့ တက်ရောက် လာကြသူများမှာ မင်္ဂလာ မောင်နှံအတွက် လက်ဆောင်များ ကိုယ်စီ ပါးလေ့ရှိကြသည်။ ဤသည်ကို မြန်မာမှု နယ်ပယ်တွင် မင်္ဂလာလက်ဖွဲ့ သည်ဟု ပြောစမှတ်ပြုလေ့ ရှိကြသည်။ အိမ်ထောင်တစ်ခုကို စတင် တည်ထောင်မည့်သူ နှစ်ဦးအား မိမိတို့ တတ်နိုင် သလောက် ၀ိုင်းဝန်း ထောက်ပံ့ကြသည့် သဘောဖြစ်သည်။ ထိုကဲ့သို့သော မင်္ဂလာ အခမ်းအနားတစ်ခု၏ ကြာမြင့်ချိန်သည် တစ်နာရီခွဲမှ သုံးနာရီ အထိကြာ မြင့်လေ့ရှိသည်။ သို့ရာတွင် မင်္ဂလာ အခမ်းအနား ပြီးသည့်တိုင် သတို့သားနှင့် သတို့သမီးတို့၏ လုပ်ငန်းစဉ်များမှာ မပြီးဆုံးသေးပေ။ အိမ်ပြန်ပြီး ဘုရားရှိခိုး ကြရသည်။ နှစ်ဖက်သော မိဘများကို ကန်တော့ကြရသည်။ ပြီးမှ မိမိတို့ နေထိုင်မည့် အိမ်(သို့မဟုတ်) အခန်းကို ၀င်ကြရသည်။ ဤနေရာတွင် မြန်မာတို့၏ ချစ်စရာ လူမှု ဓလေ့တစ်ခုကို တွေ့နိုင်သည်။ အခန်းတွင်း ၀င်မည့် မင်္ဂလာမည့် မောင်နှံကို ရွှေကြိုး ၊ ငွေကြိုး များတား၍ ခဲဘိုးတောင်း ကြခြင်းပင်။ ခြိမ်းခြောက်ခြင်း ၊ အနုကြမ်းစီးခြင်း ကဲ့သို့ မဟုတ်ပဲ အပျော်သဘော လာဘ်တောင်း ခြင်းဖြစ်သည်။ သို့ရာတွင် အထက်ပါ ကဲ့သို့သော မင်္ဂလာဆောင်မှု မျိုးမဟုတ်သော ဓလေ့မျိုးကိုလည်း မြန်မာမှု နယ်ပယ်တွင် ရှိနေသေးပါသည်။ ထိုအရာများကား မင်္ဂလာ ဆွမ်းကပ်ခြင်းနှင့် ရုံးတက် လက်မှတ်ထိုးခြင်း တို့ဖြစ်သည်။

[ပြင်ဆင်ရန်​] မင်္ဂလာဆွမ်းကပ်ခြင်း


သံဃာတော် များအား ပင့်ဖိတ်ကာ ဆွမ်းနှင့်တကွ လှူဘွယ်ဝတ္ထု အစုစုတို့ကို လှူးဒါန်း ဆက်ကပ်ခြင်း ဖြစ်သည်။ ဗုဒ္ဓအလိုကျ လက်ထပ်နည်း ဖြစ်ပြီး ဧည့်ပရိတ်သတ် များလည်း ဖိတ်ကြားကျွေးမွေး နိုင်သည်။ များသောအားဖြင့် သီးသန့်မင်္ဂလာ အခမ်းအနား ကျင်းပသည် ဖြစ်စေ ၊ မကျင်းပသည်ဖြစ်စေ မင်္ဂလာဦးအလှူ အဖြစ်ကျင်းပလေ့ရှိကြသည်။

ရုံးတက်လက်ထပ်ခြင်း

[ပြင်ဆင်ရန်​] ရုံးတက်လက်ထပ်ခြင်း


ဥပဒေအရ လက်ထပ်သည့် လက်ထပ်နည်း ဖြစ်သည်။ တရားရုံး တစ်ခုခုတွင် ဂျူဒီလူကြီးရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး လက်ထပ် စာချူပ်ပေါ်တွင် သတိုးသားရော သတိုးသမီးပါ လက်မှတ် ရေးထိုးကာ လက်ထပ်ရသည့် နည်းဖြစ်သည်။ တရားရုံးတွင် လက်ထပ်ခြင်း ဖြစ်သဖြင့် ဧည့်ပရိတ်သတ် အမြောက်အမြားကို ဖိတ်ကြား၍ မရသကဲ့သို့ အသိသက်သေဖြစ် လက်မှတ် ထိုးပေးရမည့်သူ နှစ်ဦးလည်း ရှိရသည်။ သို့မှသာ လက်ထပ် စာချုပ်ပေါ်တွင် လက်မှတ် ရေးထိုးခွင့် ရှိပြီး ဥပဒေအရ မှတ်ပုံတင်ခွင့် ရရှိမည်ဖြစ်သည်။ ယခုကာလတွင် ငွေကြေး တတ်နိုင်သူရော ၊ မတတ်နိုင်သူများပါ ရုံးတက် လက်မှတ်ထိုးသည့် အလုပ်ကို အိမ်ထောင်မှု၏ အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပြုလုပ်လာကြောင်း တွေ့ရသည်။ ဥပဒေအရ တရားဝင်အောင် ပြုလုပ်သည့် သဘောဖြစ်သည်။ များသောအားဖြင့် မင်္ဂလာအခမ်းအနား မကျင်းပမီ တရာရုံးသို့ သွား၍ လက်မှတ် ထိုးကြလေ့ရှိသည်။

ညစာစားပွဲများ

[ပြင်ဆင်ရန်​] ညစာစားပွဲများ


မြန်မာ့ရိုးရာ ဓလေ့မဟုတ်ဘဲ အနောက်တိုင်း ယဉ်ကျေးမှုကူးစက်မှု တစ်ရပ်သာဖြစ်၍ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများရှိ ငွေကြေး တတ်နိုင်သူများသာ ကျင်းပလေ့ရှိသော အခမ်းအနားဖြစ်သည်။ မြန်မာ့ ဓလေ့မဟုတ်သဖြင့် သတ်မှတ်ပုံစံ မရှိသလို သတ်မှတ် ထားသော အ၀တ်အစားများလည်း သီးသန့်ရှိမနေပါ။ ပေါ့ပေါ့ ပါးပါး အ၀တ်အစားများကိုသာ ၀တ်ဆင်လေ့ ရှိသလို မိတ်ဆွေ အပေါင်းအသင်းများနှင့် သီးသန့် ပျော်ပါးသည့် ပွဲမျိုးသာဖြစ်သည်။


မည်သို့ပင် ကျင်းပ ကြသည်ဖြစ်စေ မြန်မာလူမျိုးတို့ အနေဖြင့် ထိမ်းမြား မင်္ဂလာဆောင် ကျဉ်းမှုကို ၀ါတွင်းကာလ တစ်လျှောက်တွင် ကျင်းပကြလေ့မရှိချေ၊ အဆိုပါ ၀ါတွင်းကာလမှာ မြန်မာ ပြက္ခဒိန်အရ ၀ါဆို-၀ါခေါင် နှင့်တော်သလင်း ဟူသော သုံးလတာကာလ ဖြစ်ပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဇူလိုင်လ လယ်ပိုင်းမှ အောက်တိုဘာ လ လယ်ပိုင်းခန့် အထိဖြစ်သည်။ အဆိုပါ ကာလကို ထိမ်းမြားမင်္ဂလာ မပြုအပ်သော ကာလအဖြစ် ရှေးအစဉ်အဆက် ကတည်းက ယူဆ သတ်မှတ်ခဲ့ကြသည်။ [1]

[ပြင်ဆင်ရန်​] ထိမ်းမြား မင်္ဂလာ (၁၀)ပါး


မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။ [2]


* သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။


* ထမင်း သိုမဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)


* သတို့သား ၀တ်ဆင်သော လက်စွပ်ကို သတို့သမီးအား ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ထားသော လက်စွပ်ကို သတို့သားအား ၀တ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။


* သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အ၀တ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အ၀တ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။


* သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကို တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။


* ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။


* အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။


* သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။


* ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။


* ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် န၀ရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

စိတ်ဖိအားဖြည်လျော့နည်း (၁ဝ)နည်း

(၁) ရင်ဖွင့်နည်း

ရင်ထဲမှာ ခံစားချက်တွေ ပြည့်သိပ်နေပြီး ဘာလုပ်ရမှန်းမသိတဲ့အခါ

ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ကိုရှာပြီး ရင်ဖွင့်နိုင်ပါတယ်။

ဒါမှမဟုတ် ကျွမ်းကျင်တဲ့ အကြံပေးဆရာ ဒါမှမဟုတ် အတွေ့အကြုံများတဲ့

လူကြီးသူမတွေဆီမှာ ရင်တွင်းက ခံစားချက်၊ ဖိအားတွေကို ရင်ဖွင့်နိုင်ပါတယ်။

တစ်ခါတလေမှာ ကိုယ်တကယ်တွေ့ကြုံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက

ထင်သလောက်မကြီးပါဘူး။ ကိုယ့်စိတ်ကဖြစ်ပေါ်နေတဲ့ စိုးရိမ်ကြောင့်ကျမှုတွေက

ပြဿနာကို ကြီးသယောင်ထင်စေပါတယ်။ ဒီလို ကြောင့်ကျမှုကို ရင်ဖွင့်မယ်၊

ထွက်ပေါက်ပေးမယ်၊ တခြားလူရဲ့အကြံဉာဏ်ကို နားထောင်မယ်ဆိုရင်

ရင်ဆိုင်ဖြေရှင်းလို့ရတဲ့ နည်းလမ်းကို ရနိုင်ပြီး အလင်းရောင်ကို

မြင်နိုင်ပါတယ်။

(၂) ချရေးနည်း

ရှုပ်ထွေးပြီး ရှောင်လွဲလို့လည်းမရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ

အဲဒီအခက်အခဲတွေကို ချရေးနိုင်ပါတယ်။ ပြီးတော့ ဖြေရှင်းနိုင်မယ့်

နည်းလမ်းတွေကိုလည်း ချရေးကြည့်နိုင်ပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ အခက်အခဲကို

ဖြေရှင်းနိုင်၊ မဖြေရှင်းနိုင်ဆိုတာထက် ဒီလိုထွက်ပေါက်ပေးနည်းက

ရင်တွင်းခံစားနေရတဲ့ စိတ်ဖိအားတချို့ကို ဖြေရှင်းပေးကောင်း

ပေးနိုင်ပါတယ်။

(၃) အသက်ရှုနည်း

စိတ်ဖိအားအရမ်းများတယ်လို့ ခံစားရတဲ့အခါ လွယ်ကူမြန်ဆန်တဲ့နည်းက

အသက်ကိုရှုသွင်း၊ ရှုထုတ်ပြုလုပ်တာပါပဲ။ အသက်ကို တဝကြီးရှုသွင်းပြီး

နှစ်စက္ကန့်၊ သုံးစက္ကန့်လောက် အောင့်ထားလိုက်ပါ။ ပြီးမှ ပါးစပ်ကနေ

လေကိုဖြေးဖြေးချင်း ရှုထုတ်ပါ။ ဒီနည်းအတိုင်း

အကြိမ်ကြိမ်ပြုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး

နှလုံးခုန်နှုန်းကို လျော့ကျစေပါတယ်။ စိတ်နှလုံးကို တည်ငြိမ်စေပါတယ်။

(၄) ပြေးနည်း

စိတ်ဖိအားအရမ်းများတယ်လို့ ခံစားရတဲ့အခါ တိတ်ဆိတ်တဲ့နေရာ တစ်နေရာရွေးပြီး

မိနစ်(၂ဝ)ကနေ (၃ဝ)အထိ အနှေးပြေး ဒါမှမဟုတ် လမ်းလျှောက်နည်းနဲ့

ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေကို ဖြည်လျော့ပေးနိုင်ပါတယ်။ ကြွက်သားတွေနဲ့အတူ

စိတ်ဖိအားလည်း တဖြေးဖြေး ဖြည်လျော့သွားမှာပါ။

(၅) ထိုးနည်း

တကယ်လို့ စိတ်ဖိအားက အမိန့်အာဏာက ရလာတယ်၊ မျက်နှာချင်းဆိုင်ပြီး

ထွက်ပေါက်ပေးလို့လည်း မရတဲ့အခါ သဲအိတ်တစ်အိတ် ဒါမှမဟုတ်

အဝတ်အိတ်တစ်အိတ်ရှာပြီး ထိုးနိုင်ပါတယ်။ ဒီနည်းက စိတ်ဖိအားတွေကို

အတော်အသင့် ပြေလျော့စေနိုင်ပါတယ်။

(၆) စိမ်နည်း

စိတ်ဖိအားတွေများတဲ့အခါ ရေနွေးနွေးနဲ့ ရေစိမ်နိုင်ပါတယ်။ ဒီနည်းက သွေးကို

ပုံမှန်လည်ပတ်စေတဲ့အပြင် ကြွက်သားတွေကိုလည်း ပြေလျော့ပေးပြီး ဖိအားကို

လျော့နည်းစေနိုင်ပါတယ်။

(၇) လွှဲနည်း

စိတ်ဖိအားတွေများတဲ့အခါ ခြေလက်တွေကို လွှဲနိုင်ပါတယ်။ စစချင်းမှာ

လက်ကောက်ဝတ်ကို ဖြေးဖြေးချင်းလွှဲပါ။ အဲဒီနောက် တံတောင်ဆစ်၊ ပုခုံးအထိ

တဖြေးဖြေးအားထည့်ပြီး ပုခုံးကြွက်သားတွေ ပြေလျော့တဲ့အထိ လွှဲနိုင်ပါတယ်။

အဲဒီလိုပဲ ခြေထောက်နှစ်ဖက်ကိုလည်း ဖြေးဖြေးချင်းကနေ အားထည့်လွှဲတဲ့အထိ

တင်းကျပ်နေတဲ့ ကြွက်သားတွေကို ဖြည်လျော့နိုင်ပါတယ်။

(၈) ဆိုနည်း

သီချင်းဆို နှစ်သက်တဲ့လူတွေက စိတ်ဖိအားများလာတဲ့အခါ

ကိုယ်ကြိုက်နှစ်သက်တဲ့သီချင်းကိ

ု အော်ဟစ်သီဆိုရင်း ဖိအားတွေကို

လျော့ချနိုင်ပါတယ်။

(၉) ထိုင်နည်း

တရားထိုင်တာကလည်း ဖိအားတွေကို ပြေလျော့နိုင်တဲ့ နည်းတစ်ခုပါ။

တရားမထိုင်ဖူးသူတွေက သိတတ်နားလည်သူတွေရဲ့အကူနဲ့ ထိုင်နည်းထိုင်ဟန်၊

အယူအဆတွေကို အရင်ဆုံးသိနားလည်အောင် သင်ယူသင့်ပါတယ်။ မှန်ကန်တဲ့ထိုင်နည်းက

တည်ငြိမ်တဲ့ထွက်သက်ဝင်သက်နဲ့အတူ ကြွက်သားတွေကို ဖြည်လျော့စေပါတယ်။

စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး ခံစားမူကို ကြည်လင်စေပါတယ်။

(၁ဝ) တခြားနည်း

ခံစားမှုအားပြင်းတဲ့ စိတ်ဖိအားတွေအတွက် ကျယ်ပြန့်တဲ့ကွင်းပြင်တစ်ခုခုမှာ

အော်ဟစ်တာမျိုး၊ အော်ငိုတာမျိုးတွေ ပြုလုပ်ပြီး စိတ်ဖိအားကို

ထွက်ပေါက်ပေး ဖြည်လျော့နိုင်ပါတယ်။
Mahatama Gandhi



ကိုယ်ရေးရာဇ၀င်

Gandhi ရဲ့အမည်အရင်းကတော့ Mohandas Karamchand Gandhi ဖြစ်ပေမယ့် အများစုကတော့ Mahatama Gandhi လို့ပဲ အသိများပါတယ်။ Mahatama ဆိုတဲ့ အဓိပ္ပါယ်ကတော့ နိုင်ငံ့ရဲ့ခေါင်းဆောင် ဖခင်ကြီးလို့ အမည်ရပါတယ်။ Gandhi ကို ချစ်ခင်ကြသူများကတော့ Bapu လို့ ခေါ်ကြပါတယ်။ Bapu ဆိုတာကတော့ Hindi လို အဖေကြီးလို့ အဓိပ္ပါယ်ရပါတယ်။ Gandhi ကို ၁၈၆၉ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်းထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူမှာ ဇနီး ၄ ယောက် ရှိပြီးတော့ Gandhi ဟာ အငယ်ဆုံးဇနီးရဲ့ သားအငယ်ဆုံးဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အခါတုန်းက Gandhi ဟာ အလွန်အရှက်အကြောက်စိတ်ကြီးသူ၊ အပြောချိုသာသူ၊ လိမ္မာပါးနပ်သူ လူငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။

သူငယ်စဉ်အခါ ၁၃ နှစ် လောကကြီးကိုနားမလည်စဉ် အချိန်အခါတုန်းက အခြားလူငယ်လူရွယ် ဆယ်ကျော် သက်များနည်းတူ ဆေးလိပ်၊ အရက်၊ လောင်းကစားအချို့ကို စမ်းသပ်သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ်အခြေခံကောင်းသူ တစ်ယောက်ဖြစ်တဲ့ Gandhi ဟာ ထိုအရာများကို စွဲသွားခြင်းမရှိခဲ့ပဲ ဘ၀တိုး တက်မှုအတွက် ဆူးညောင့်ခလုတ်များကဲ့သို့သာ သဘောထားခဲ့ပါတယ်။ အဲဒီနောက် Gandhi အသက် ၁၅ နှစ် အရွယ်လောက်မှာ Indian လူမျိုးတွေရဲ့ ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်သော Kasturba လို့ခေါ်တဲ့ နှစ်ဖက် မိဘများရဲ့ သဘောကျ အလိုအရအတိုင်း လက်ခံလိုက်နာရတဲ့ ထိမ်းမြားလက်ထပ်ပေးခြင်းကို ခံခဲ့ရပါတယ်။ Gandhi ရဲ့ ရှေးဘ၀ပေးကုသိုလ်ကံကောင်းမှုကြောင့် သူရဲ့ကြင်ဖက်ဇနီးမယားဟာ သူ့ဘ၀အတွက် အဖော်မွန် ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမနဲ့ Gandhi ဟာ သားသမီးရတနာ ၄ ဦး ထွန်းကားခဲ့ပါတယ်။

London ပညာသင်ခရီးစဉ်

G2andhi အသက် ၁၈ နှစ် အရွယ်ရောက်တဲ့အချိန် ၁၈၈၈ ခုနှစ် စက်တင်ဘာလလောက်မှာတော့ တရားရုံး ချုပ်ဥပဒေ ရှေ့နေကြီးတစ်ဦးဖြစ်ဖို့အတွက် London သို့ သွားရောက် ပညာသင်ကြားခဲ့ပါတယ်။ London မြို့ကို စစရောက်ချင်း ၃ လလောက်တုန်းကတော့ British လူမျိုးတွေလိုပဲ ၀တ်စားဆင်ယင်ခဲ့သလို ထိုလူတွေလို အကသင်တန်းများ၊ တယောထိုးသင်တန်းများတက်ရောက်ပြီး သင်ကြားလေ့လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အပျော်အပါးအဆောင်အယောင်များကို ငြီးငွေ့သွားသူ Gandhi ဟာ သူ့ရဲ့ကျန်ရှိနေတဲ့ စာသင်နှစ် ၂ နှစ်ကျော်ကာလကို လူမသိသူမသိပုံစံမျိုး အနေအထိုင်ငြိမ်ဝပ်ပိပြားစွာနဲ့ပဲ ဥပဒေပညာရပ်ကို တလေးတစားနဲ့ အပတ်တကုတ်ကြိုးစား လေ့လာသင်ယူပြီးတော့ ကျော်ဖြတ်ခဲ့ပါတယ်။ London မှာ နေထိုင်နေစဉ်အတွင်းမှာပဲ သားကြီးငါးကြီးများစားသုံးခြင်းကို ရှောင်ကြဉ်ပြီးတော့ သတ်သတ်လွတ်စားတတ်သော အကျင့်ကိုရရှိခဲ့ပါတယ်။ သူငယ်ချင်းတွေက အသားစားဖို့တိုက်တွန်းပြီး အစားအသောက်ကောင်းတွေ ရနိုင်တဲ့ဆိုင်တွေကို ခေါ်သွားခဲ့ပေမဲ့လည်း ဟင်းသီးဟင်းရွက် ရနိုင်တဲ့ဆိုင်တွေမှာပဲ ကျင်လည်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ Gandhi ဟာ တဖြည်းဖြည်းနဲ့ ဘာသာရေးလိုက်စားသူ တစ်ဦးဖြစ်လာခဲ့ပြီး သူ့အားလပ်ချိန်တွေမှာ ဘာသာရေးစာအုပ်တွေနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ Gandhi ရဲ့ စိတ်ဓာတ်ကြံခိုင်စွာနဲ့ ကြိုးစားခဲ့မှုတွေကြောင့် ၁၈၉၁ ခုနှစ် ဇွန်လမှာ ဥပဒေစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး မွေးရပ်မြေကိုပြန်သွားခဲ့ပါတယ်။ မွေးရပ်မြေ ပြန်ရောက်ချိန်မှာတော့ သူတတ်တဲ့ဥပဒပညာနဲ့ အလုပ်ရဖို့ ကြိုးစားခဲ့ပေမယ့်လည်း India နိုင်ငံနဲ့ပက်သက် ပြီး အတွေ့အကြုံ ဗဟုသုတနည်းနေသေးလို့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုနဲ့ဥပဒေပညာရပ် နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် British လူမျိုးတွေရဲ့ အုပ်စိုးမှုအောက်မှာပဲရှိနေသေးတဲ့ Africa နိုင်ငံကို ပို့ဆောင်ပြီးတော့ ဥပဒေပညာရပ်ကို ဆက်လက်လေ့လာသင်ယူစေခဲ့ပါတယ်။ ဒီလိုအခွင့်အရေးမျိုးကို Gandhi ဟာ အလွန်တန်ဖိုး ထားပြီးတော့ အာဖရိကမှာ ဥပဒေပညာရပ်ကို အပတ်တကုတ်ဆက်လက် ကြိုးစားလေ့လာခဲ့ပါတယ်။

Africa တွင် နေထိုင်စဉ်

Gandhi တစ်ယောက် Africa ကို ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ အသက်ဟာ ၂၃ နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။ အာဖရိကမှာ ရောက်ရှိနေတဲ့ Gandhi ရဲ့ ပညာရေးခရီးစဉ်ကတော့ Gandhi ကို အလွန် အေးပြီး အရှက်အကြောက်ကြီးသူအဖြစ်ကနေ ပြောရဲဆိုရဲရှိပြီး ဦးဆောင်နိုင်စွမ်းရှိသူ တစ်ယောက်အဖြစ် အသွင်ပြောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ Gandhi ဒီလိုမျိုးပြောင်းလဲသွားခဲ့ရတဲ့ အကြောင်းအရင်းကတော့ Africa မှာ သူကိုယ်တိုင်တွေ့ကြုံခံစားလိုက်ရတဲ့ လူတန်းစားခွဲခြားမှုနဲ့ India လူမျိုးများကို နှိမ့်ချဆက်ဆံ တာကြောင့်ပဲဖြစ်ပါတယ်။ Africa ကိုရောက်နေစဉ်မှာ Gandhi ဟာ အများသုံးရထားနဲ့ ဘတ်စ်ကား များကို အသုံးပြုပြီး တစ်နေရာမှတစ်နေရာသို့ သွားရောက်ခဲ့ရပါတယ်။ ပထမဦးဆုံးအကြိမ် Gandhi ဟာ ရထားလမ်းပို့ဆောင်ရေးနဲ့ သွားခဲ့တဲ့အခါမှာ သူဝယ်ထားတဲ့လက်မှတ်က ပထမတန်းစားနေရာကနေ လိုက်ပါနိုင်ခွင့်ရှိသူလက်မှတ် ဖြစ်ပေမယ့် လည်း Britain ရဲအရာရှိများက သူ့ကိုတတိယတန်းစားနေရာမှာသာ လိုက်ပါစီးနင်းဖို့ကို အတင်းအကြပ်ပြောဆိုခဲ့ပါတယ်။ မဟုတ်မခံစိတ် ရှိသူနဲ့ မိမိကိုယ်ကိုယုံကြည်သူ Gandhi ဟာ သူ့ကိုနေရာပြောင်းစီးခိုင်းတဲ့ ရဲအရာရှိအင်္ဂလိပ်ကို သူဟာရှေ့နေတစ်ယောက်ဖြစ်ကြောင်း ကြိုးစားရှင်းပြခဲ့ပေမယ့်လည်း ရဲအရာရှိကသူ့ကို လူဖြူလူမဲခွဲခြားပြီးတော့ ပထမတန်းစားထိုင်ခုံမှာ လိုက်ပါစီးနင်းခွင့်မရှိဘူးလို့ဆိုပြီး ရက်စက် စွာရထားပေါ်မှ တွန်းချခြင်းခံခဲ့ရပါတယ်။

5အဲ့ဒီလိုမျိုး မတရားသဖြင့်ခံခဲ့ရတာကို Gandhi ဟာ ရင်ထဲမှာ အင်မတန်မှနာကြည်း ခံစားခဲ့ရပါတယ်။ ဒီလိုနဲ့ Gandhi ဟာ Africa မှာရောက်နေတဲ့ Indian အထက်လူကြီးအချို့နဲ့ စကားစမြည်ပြောဆို ကြည့်တဲ့အခါမှာတော့ Africa ရောက် Indian တွေ ခံစားနေရတဲ့ ပိုပြီးဆိုးရွားတဲ့အခြေအနေတွေကိုပါ သိရှိခဲ့ရပါတယ်။ အဲ့ဒီမှာရောက်နေကြတဲ့ Indian လူမျိုးတွေဟာ လူဖြူလူမဲ ခွဲခြားခြင်းခံနေရပြီးတော့ လူဖြူတွေရှိနေတဲ့ ပလက်ဖောင်းတွေပေါ်မှာတောင် လမ်းလျှောက်ခွင့်မရခဲ့တာကို သိရှိခဲ့ရပါတယ်။ အဲဒီလိုမျိုး မတရားမှုတွေဟာ လွတ်လပ်ရေးကို တိုက်ယူနိုင်ဖို့အတွက် Gandhi ကို အားအင်တွေပိုပို တိုးစေခဲ့ပါတယ်။ ဒီလိုနဲ့ Gandhi ဟာ အာဖရိကရောက် Indian တွေကို လွတ်လပ်ရေးတိုက်ယူဖို့ အတွက် စည်းရုံးပွဲတွေ၊ ဟောပြောပွဲတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးခြေလှမ်းအနေနဲ့ အာဖရိကရောက် Indian လူမျိုးတွေကို စုစည်းပြီး တော့ ဟောပြောပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဟောပြောပွဲမှာ Indian လူမျိုးတွေဟာ သူတို့နဲ့သူတို့ရဲ့ ဇနီးသားသမီးတွေ မတော်မတရား ပြုကျင့်ခံနေရမှုတွေကို တင်ပြခဲ့ပြီးတော့ British လူမျိုးတွေကို ပြန်လည်တိုက်ခိုက်မည်ဆိုသော အဆိုများကိုတင်သွင်းခဲ့ပါတယ်။

6ဒါပေမယ့်လည်း Gandhi က ''They may torture my body , break my bones , even kill me , then they will have my dead bodies not my obediences." လို့ ပြောဆိုပြီးတော့ Indian လူမျိုးများကို သိမ်းသွင်းခဲ့ပါတယ်။ ဆိုလိုတာကတော့ British လူမျိုးများ ဘယ်လောက် ညင်းပန်းနှိပ်စက်ပါစေ Indian လူမျိုးများဘက်မှ တုန့်ပြန်မှုမပြုဘူးဆိုရင် British တွေ ဒီ့ထက် ပိုပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ကြောင်းကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Gandhi က မတရားသဖြင့် ညင်းပန်းနှိပ်စက်သူတွေကို သူတို့လုပ်ရပ်တွေကို သူတို့ကိုယ်တိုင်သိပြီး အရှက်ရ ပါစေ၊ လက်နက်အင်အား၊ လူအင်အားသုံးပြီး မတုံ့ပြန်ပါနဲ့လို့ ပြောဆိုစည်းရုံး သိမ်းသွင်းခဲ့ပါ တယ်။ အဲဒီလိုမျိုး အားပေးသိမ်းသွင်းမှုများကို Indian လူမျိုးတွေလည်း တဖြည်းဖြည်းနဲ့ လက်ခံလာပြီးတော့ Gandhi နဲ့အတူ လွတ်လပ်ရေးကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ English လူမျိုးများလည်း ဘယ်လိုမှ မတတ်နိုင်တော့တဲ့နောက် Gandhi နဲ့ အဖွဲ့သားများကို အချုပ်ကြစေခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံအတွင်းမှာ ပိုမိုပြင်းထန်တဲ့လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တာမို့ Gandhi ကို အချုပ်ကြနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတော့ India နိုင်ငံ Bombay မြို့ကို ပြန်လည်ထွက်ခွာစေခဲ့ပါတယ်။

လွတ်လပ်ရေး လှုပ်ရှားပုံများ

Gandhi ဟာ India ကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ၁၉၁၅ ခုနှစ်ဦးပိုင်းကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ Indian လူမျိုးများဟာ သူတို့ရဲ့ဖခင်ကြီး Gandhi ကို တခမ်းတနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လမ်းတစ်လျှောက်လုံးမှာ Gandhi တွေ့ရှိခဲ့တာကတော့ ဆင်းရဲနွမ်းပါးခြင်းဒဏ်ကို ခံစားနေရတဲ့ သူ့လူမျိုးများပဲဖြစ်ပါတယ်။ ထိုကဲ့သို့သောမြင်ကွင်းများကြောင့် Gandhi တစ်ယောက် အတော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ India လူမျိုးများ လွတ်လပ်ရေးရဖို့အတွက် ပိုမိုကြိုးစား ဆောင်ရွက်သွားရတော့မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ Gandhi နေထိုင်ရာအရပ်ကို English လူမျိုးများရဲ့ ငြင်းပန်းနှိပ်စက်ခြင်းကိုခံနေရတဲ့ Indian လူမျိုးတစ်ယောက် ရောက်ရှိလာ ခဲ့ပြီးတော့ သူတို့ရဲ့ဆင်းရဲမှုများကို တင်ပြခဲ့ပါတယ်။ အဲ့ဒီလူရဲ့ပြောပြပုံအရ တောရွာဘက်မှာ British လူမျိုးများဟာ လယ်ကွင်းများကို သူတို့အလိုကျ ကုန်ကြမ်းအတိုင်း အင်ဒီဂိုများကိုသာ စိုက်ခိုင်းခဲ့ပြီး ထိုအင်ဒီဂိုများမှာ ရောင်းမထွက်ဘဲ ကျန်ရှိနေခဲ့ပါတယ်။ ထိုကဲ့သို့သောအခြေအနေမှာ English လူမျိုး များက စာနာသနားစိတ်ကင်းမဲ့စွာ လယ်ယာအငှားခများကောက်ခံပြီးတော့ ဆင်းရဲသူစိုက်ပျိုးရေးသမား များကို ဒုက္ခဖြစ်စေခဲ့ပါတယ်။ ထိုသို့ဒုက္ခများအပြင် စားစရာတောင်မရှိတော့ပဲ အငတ်ဘေးဆိုက်နေ ရကြောင်းလည်း ပြောပြခဲ့ပြီး Gandhi ကို ထိုနေရာသို့လိုက်လံကြည့်ရှုပေးပါရန် တောင်းဆိုခဲ့ပါတယ်။ Gandhi ထိုနေရာကို ရောက်တဲ့အခါမှာ Indian လူမျိုးများကို စတင်ပြီးတော့ ဆန္ဒပြခိုင်းပါတော့တယ်။ Gandhi ရောက်လာတဲ့ အချိန်ကနေစပြီးတော့ အလုပ်သမား လူတန်းစားများဟာ အလုပ်မလုပ်ကြတော့ပဲ စတင်ပြီးဆန္ဒပြခဲ့ကြတာကြောင့် English လူမျိုးများ အတော်အကြပ်တွေ့ခဲ့ကြပါတယ်။အဲဒီလိုမျိုးဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နောက်ဆုံးမှာတော့ British လူမျိုးများဟာ အလျော့ပေးခဲ့ရပြီး Indian လူမျိုးများစိတ်တိုင်းကြ လယ်ယာစိုက်ပျိုးခွင့်ပေးခဲ့ပြီး လယ်ပိုင်ရှင်များကိုလည်း Indian လူမျိုးများထံမှ လယ်ယာငှားခွင့် အခွန်ငွေတောက်ခံမှုကို ရပ်ဆိုင်းရမယ်ဆိုပြီး အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် Indian လူမျိုးများ အနိုင်ရခဲ့ပါတယ်။

အဲဒီလိုဖြစ်ပြီး နောက်ပိုင်းမှာတော့ British လူမျိုးများဟာ အကြောင်းမဲ့သက်သက် Gandhi ကို ထပ်မံပြီး အချုပ်ကြစေခဲ့ပြန်ပါတယ်။ အဲဒီအချိန်မှာပဲ Gandhi ရဲ့ လက်ထောက်ခေါင်းဆောင်များက လူစုပြီးတော့ Gandhi ကို လွတ်ငြိမ်းချမ်းသာပေးဖို့အတွက် တစ်စုံတစ်ခုပြုလုပ်ဖို့ တိုင်ပင်ခဲ့ကြပါတယ်။ English လူမျိုး ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ General Meyer ဟာ အဲဒီစုဝေးနေတဲ့နေရာကို သွားရောက်ပြီးတော့ လူကြီး၊ လူငယ်၊ မိန်းမ၊ ယောကျာ်း၊ ကလေးမရွေးအကုန်လုံးကို သေနတ်ကျည်ဆန်ပေါင်းမြောက်များစွာနဲ့ ပစ်သတ် ခဲ့တဲ့အတွက် Indian လူမျိုးပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာတော့ English လူမျိုးများ အတော်တုန်လှုပ်ခြောက်ခြားသွားပြီးတော့ Gandhi ကို ပြန်လည်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရ ပြန်ပါတော့တယ်။ အဲ့ဒီနောက်တစ်ဖန်မှာတော့ Gandhi ဟာ သူ့လူမျိုးများကို မိမိတို့လူမျိုးများရက်လုပ် သော အ၀တ်အထည်များကိုသာ ၀တ်ဆင်ကြဖို့နဲ့ Englsih တွေဆီကနေ အ၀တ်အထည်များဝယ်ယူ ၀တ်ဆင်ခြင်းကို ရပ်တန့်ကြဖို့ နှိုးဆော်ခဲ့ပြန်ပါတယ်။ ထိုသို့တိုက်တွန်းစဉ်မှာ သူပြောကြားခဲ့တာကတော့ အဘယ်သို့မျှကောင်းမွန်သော နိုင်ငံခြားဖြစ်အ၀တ်အထည်များကို မိမိတို့ကိုယ်မှာ ၀တ်ဆင်ထားပါစေ၊ ထို အ၀တ်အထည်များမှာ မိမိနှင့်မိမိလူမျိုးများကို စိတ်မချမ်းသာမှုများကို ဖြစ်စေပါက ထိုအ၀တ်အထည်များ ၀တ်ဆင်ထားခြင်းသည် အလကား မျှသာဖြစ်ပေလိမ့်မယ်လို့ ဆိုခဲ့ပြန်ပါတယ်။မိမိနိုင်ငံမှာရက်လုပ်သော မိမိတို့အ၀တ်အထည်များကို ဂုဏ်ယူဝင့်ကြွားစွာ ၀တ်ဆင်ကြရန်လည်း တိုက်တွန်းခဲ့ပြန်ပါသေးတယ်။ Gandhi ကို ဖခင်ကြီးသဖွယ် သဘောထားသူများဖြစ်ကြတဲ့ Indian လူမျိုးများဟာ Gandhi ရဲ့ တိုက်တွန်းမှု အတိုင်း သူတို့ပိုင်ဆိုင်မှုများထဲက နိုင်ငံခြားဖြစ်အ၀တ်အထည်များကို မီးရှို့ကာဆန္ဒပြကြပါတော့တယ်။

ဒါပေမယ့်လည်း Gandhi ရဲ့ လှုံဆော်မှုတွေကြောင့် နိုးကြားထကြွလာသူများဟာ Gandhi ရဲ့ လမ်းစဉ်ဖြစ်တဲ့ ငြိမ်းချမ်းစွာတိုက်ခိုက်ခြင်းဆိုတဲ့ဝါဒီကို မေ့ပျောက်ပြီးတော့ အကြမ်းဖက်နည်း လမ်းများကိုပါ စတင်အသုံးပြုပြီး လွတ်လပ်ရေးကို တိုက်ခိုက်ခဲ့ကြပါတော့တယ်။ ငြိမ်းချမ်းရေးကို လိုလားသူ Gandhi ဟာ သူ့လူမျိုးများရဲ့ English ပိုင် ရဲစခန်းတစ်ခုကို မီးရှို့ပြီးအကြမ်းဖက် ခဲ့ကြောင်း သိရတဲ့နောက်မှာ လွန်စွာစိတ်မကောင်းဖြစ်ခဲ့ရပြီး သူ့လူမျိုးများအား ဆန္ဒပြမှုများကို ရပ်ဆိုင်းကြဖို့ ပြောဆိုဆုံးမခဲ့ပေမယ့်လည်း လိုက်နာခြင်းမရှိကြတဲ့အတွက် Gandhi ဟာ စတင်ကာ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီးတော့ သူ့လူမျိုးများကို ပြန်လည်ထိန်းသိမ်း ခဲ့ရပါတယ်။ Gandhi က သူ့လူမျိုးများကို ပြောကြားခဲ့တာကတော့ Indian လူမျိုးများလူစုဝေးပြီး ဆန္ဒပြမှုများကိုမရပ်သရွေ့ သူဥပုသ်စောင့်ကာ သီတင်းသီလသုံးသွားတာ့မယ်လို့ ပြောခဲ့ပါတယ်။ Gandhi ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကတော့ Indian လူမျိုးများ အခုလိုအကြမ်းဖက်မှုကို အသုံးပြုရတာက An eye for an eye ဆိုတဲ့ ဆိုရိုးစကားအရ Indian လူမျိုးများဟာ နှိပ်စက် ခြင်းခံရခြင်းကြောင့်သာ ထိုသို့အကြမ်းဖက်ကာ လွတ်လပ်ရေးကို တိုက်ယူနေကြခြင်းဖြစ်ကြောင်း ပြောပေမယ့်လည်း Gandhi က An eye for an eye, at the end it will make the whole world's blind လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ Gandhi ကို ချစ်ခင်လေးစားကြတဲ့ Indian လူမျိုးများဟာ သူတို့ရဲ့ဖခင်ကြီး ပင်ပန်းဆင်းရဲခံကာ ဥပုသ်သီလ စောင့်တည်နေတာကို မကြည့်ရက်ကြတော့ပဲ သူတို့ရဲ့လွတ်လပ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ခဲ့ကြပါတယ်။ ထိုကဲ့သို့ အကြမ်းဖက်လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများကို ရပ်တန့်ပြီးကာစအချိန်မှာ အကြံကြီးလှတဲ့ English လူမျိုးများဟာ Gandhi ကို နောက်ထပ်တစ်ကြိမ် အချုပ်ချထိန်းသိမ်းခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ရက်ပိုင်းမျှသာမဟုတ်တော့ပဲ ၆ နှစ်ခန့်ပင် အချုပ်စေခဲ့ကြပါတယ်။ English လူမျိုးတွေရဲ့ အကြံကတော့ Indian လူမျိုးများ Gandhi ကို မေ့ပျောက်သွားစေဖို့ပဲဖြစ်ပါတယ်။

၆ နှစ်လောက် အကြာမှာတော့ Gandhi ပြန်လည်လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။ ဒီ တစ်ခါမှာတော့ Gandhi ဟာ သူ့လူမျိုးများကို India ပင်လယ်ကရေမှ ဆားများကို ကိုယ်တိုင်ချက်လုပ်စေကာ ပြန်လည်ရောင်းချစေခဲ့ပြီး English လူမျိုးများကို တုန်လှုပ် စေခဲ့ပြန်ပါတယ်။ သူနေထိုင်ရာအရပ်ကနေ India ပင်လယ်ဆီကို ခြေကျင်လျှောက်လာတဲ့ လမ်းတစ်လျှောက်မှာလည်း Indian လူမျိုးတွေကိုအင်အားစုဝေးပြီးတော့ India ပင်လယ် ဆီကို လိုက်ပါလာစေခဲ့ပါတယ်။ ဒီလိုနဲ့ Indian လူမျိုးများရဲ့ ဆားလုပ်ငန်းအရေးတော်ပုံ စတင်ခဲ့ပြန်ပါတော့တယ်။ ဒီအကြောင်းကိုသိရှိလိုက်တဲ့ English လူမျိုးတွေဟာ Gandhi ကို နောက်တစ်ကြိမ်ထပ်မံ အချုပ်ချထိန်းသိမ်းပြီး ငြိမ်းချမ်းစွာလွတ်လပ်ရေးအတွက် ကြိုးစားနေကြသူ Indian လူမျိုးများကို အကြောင်းမဲ့ရိုက်နှက်ပြီး ဆားလုပ်ငန်းအရေး တော်ပုံကို ရပ်တန့်စေခဲ့ပါတယ်။ စိတ်ဓာတ်ခိုင်မာပြီး ခေါင်းမာကြတဲ့ Indian လူမျိုးတွေဟာ အရှုံးပေးခြင်း၊ ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်ရှေ့တိုးကာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရင်း ဒဏ်ရာရခဲ့ကြတဲ့ ယောက်ျားသားများကို မိန်းမသားများက ဆေးဝါးများထည့်ပေးကာ လွတ်လပ်ရေးအတွက် အပြင်းအထန်ကြိုးစားနေခဲ့ကြတဲ့ နောက်ဆုံးမှာတော့ English လူမျိုးများ မတတ်သာတော့ဘဲ Indian လူမျိုးများကို အလျော့ပေးလိုက်ရပြီး India နိုင်ငံအား လွတ်လပ်ရေးပြန်လည်ပေးရန်အတွက် စဉ်းစားတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ကာ ဆားလုပ်ငန်းအရေးတော်ပုံအား ရပ်တန့်စေခဲ့ပါတယ်။

Pakistan နှင့် India နှစ်နိုင်ငံ ဖြစ်ပေါ်လာရပုံ

ဒီလိုမျိုး India တစ်နိုင်ငံလုံး လွတ်လပ်ရေးရဖို့အတွက် Gandhi အပြင်းအထန်ကြိုးစားခဲ့ရပေမယ့် အမှန်တကယ်တမ်း လွတ်လပ်ရေးရတဲ့အချိန်မှာတော့ English လူမျိုးတွေရဲ့စနက်ကြောင့် India နိုင်ငံကြီး တောင်နဲ့မြောက်ကွဲသွားပြီး Pakistan နဲ့ India ဆိုပြီး ဖြစ်လာခဲ့ရပါတယ်။ အဲလိုဖြစ်သွားခဲ့ရတဲ့ အကြောင်း အရင်းကတော့ English တွေဟာ Muslim လူမျိုးတစ်ယောက်ဖြစ်တဲ့ ဂျန်နဆိုတဲ့သူကိုစည်းရုံးပြီး India နိုင်ငံမှာ Muslim နဲ့ Hindu လူမျိုးဘာသာနှစ်စုရှိနေတဲ့အတွက် Gandhi ဟာ Hindu ဘာသာဝင် တစ်ယောက်ဖြစ်တာကြောင့် India ကို လွတ်လပ်ရေးပေးလိုက်ရင် Hindu ဘာသာဝင်များက Muslim များ ကို ညင်းပန်းနှိပ်စက်ကြမှာကို စိုးရိမ်တဲ့အတွက်ကြောင့် Indian လူမျိုး Muslim များအား သီးခြားစွာဖြင့် လွတ်လပ်ရေးပေးလိုကြောင်း မဟုတ်မဟတ်သွေးခွဲကာ Indian လူမျိုးများအား သွေးကွဲစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် India နိုင်ငံကြီး တောင်နဲ့မြောက်ကွဲသွားပြီး ထိုနှစ်နိုင်ငံခြားမှာရှိတဲ့ ကာလာကတ်တား မြို့တော်မှာ ကာလာကတ်တားအရေးတော်ပုံကြီး စတင်ခဲ့ပါတယ်။ အဲ့ဒီအရေးတော်ပုံအတွင်းမှာ Hindu နဲ့ Muslim လူမျိုးများ သွေးကွဲသွားကြပြီး မိမိတို့လူမျိုးအချင်းချင်း ရက်စက်စွာသတ်ဖြတ်ခဲ့ကြတဲ့အထိဖြစ် သွားခဲ့ရပါတယ်။

ဒီအဖြစ်အပျက်တွေကို သိလိုက်ရတဲ့ Gandhi ဟာ အလွန်စိတ်မကောင်းဖြစ်ကာ ကြေကွဲခဲ့ရပြီး ကာလာကတ်တားမြို့ကို သွားရောက်ကာ တစ်ခါထပ်မံ ဥပုသ်သီတင်းဆောက်တည်ပြီး သူ့လူမျိုး များအား ပစ်သတ်ရိုက်ခတ်ခြင်းများကို ရပ်စဲစေခဲ့ပါတယ်။ အစဦးပိုင်းမှာ ရပ်တန့်သွားခြင်းမရှိပေ မယ့် Gandhi ရဲ့ ဇွဲလုံ့လ၀ီရိယပြင်းထန်မှုတို့ကြောင့် Hindu များနဲ့အတူ Muslim များပါ လက်နက် ချခဲ့ပြီး ငြိမ်းချမ်းရေးကို ရရှိသွားကြပါတယ်။ အဲ့ဒီလိုလက်နက်ချချိန်မှာ Hindu လူမျိုးတစ်ယောက် ဟာ Gandhi အနားသို့ ချဉ်းကပ်ပြီးငိုကြွေးကာ Muslim လူတစ်ဦးက သူ၏သားလေးအား ရက်စက်စွာသတ်ဖြတ်သွားသဖြင့် Muslim များအား ပြင်းထန်စွာမုန်းတီးခဲ့တဲ့အတွက် သူကိုယ်တိုင် Muslim များအား သတ်လိုသဖြင့် ကာလာကတ်တား အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပြီးတော့ Muslim ကလေးများအား သတ်ဖြတ်မိခဲ့လို့ ငရဲမှာဒုက္ခခံကာ ပေးဆပ်ရတော့မယ်ဆိုပြီး ငိုကြွေးခဲ့ ပါတယ်။ အဲဒီအခါမှာ သဘောထားကြီးသူ Hindu ဘာသာဝင် Gandhi ဟာ ထိုငရဲမှ လွတ်မြောက် နည်းရှိပြီးတော့ အဲ့နည်းကတော့ ကာလာကတ်တား အရေးအခင်းကြောင့် မိဘများအားဆုံးရှုံး လိုက်ရသူ ကလေးငယ်တစ်ဦးအား မိမိရင်သွေးအဖြစ် သဘောထားပြီး ခေါ်ယူကျွေးမွေးစောင့် ရှောက်ခိုင်းခဲ့ပါတယ်။ ဒါ့အပြင် အဲလိုမျိုး မွေးစားမယ့်ကလေးမှာလည်း Muslim ဘာသာဝင်တို့ရဲ့ ကလေးငယ်တစ်ဦးဖြစ်ပါစေလို့ Gandhi မျက်ဝန်းအစုံတွင် မျက်ရည်ဝိုင်းကာ ထိုသူအား အကြံဥာဏ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ကာလာကတ်တားအရေးအခင်းကြီး လုံးဝရပ်တန့်သွားပြီး Pakistan နဲ့ India လူမျိုးတို့ ချစ်ကြည်ရေးရရှိခဲ့ပါတယ်။

ရက်စက်စွာလုပ်ကြံခံခဲ့ရသော Mahatma Gandhi

အရေးတော်ပုံများ ပြီးဆုံးသွားပြီး Indian လူမျိုးများ လွတ်လပ်ရေးပြန်လည်ရရှိကာ Hindu ဘာသာဝင်များနဲ့ Muslim ဘာသာဝင်များပါ စိတ်ကျေနပ်မှုရရှိခဲ့ကြပါတယ်။ ထိုကဲ့သို့ အရာရာအေးချမ်း တည်ငြိမ်နေတဲ့နေ့တစ်နေ့မှာပဲ Indian လူမျိုးများစုဝေးကာ စုပေါင်းဘုရားရှိခိုးကြမယ့်ပွဲတော်တစ်ခုမှာ လူအုပ်ကြားထဲကို မိုက်မဲပြီး အသိဥာဏ် ကင်းမဲ့လှတဲ့ လူတစ်ယောက်ဝင်ရောက်လာကာ စည်ကားလှတဲ့ လူအုပ်အလယ်မှာပဲ Gandhi ကို သေနတ်နဲ့ နှစ်ချက်တိုင်တိုင် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ လူအများချစ်ခင်လေးစားရတဲ့ Gandhi ဟာ သူ့ကိုလေးစားတဲ့ Indian လူမျိုး များနဲ့အတူ သူကိုယ်တိုင်လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့ India နိုင်ငံကြီးပါ ၁၉၄၈ ခုနှစ်၊ Janunary လ ၃၀ ရက်နေ့မှာ ထားရစ်ခဲ့ပါတော့တယ်။ လူအများရဲ့ ချစ်ခင်လေးစားခြင်းကိုခံခဲ့ရပြီး လေးစားအားထားစရာ အလွန်ကောင်းလှတဲ့ Gandhi ရဲ့ ဇာပနကိုတော့ Indian လူမျိုးများအပြင် English ဗိုလ်ချုပ်များပါ တက်ရောက်ခဲ့ပြီး Gandhi ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင် ခဲ့ကြပါတယ်။ အားလုံးရဲ့နိဂုံးဖြစ်တဲ့ Gandhi ရဲ့ ဘ၀ဇာတ်လမ်းရဲ့အဆုံးမှာတော့ Gandhi ဟာ အင်ပါယာလိုစစ်တိုက်ပြီး အကြမ်းဖက်နည်း ဗျူဟာတွေနဲ့ လွတ်လပ်ရေးကိုအရယူခြင်းထက် သည်းခံခြင်း၊ စစ်မှန်သောသစ္စာတရားကို ယုံကြည်ခြင်း၊ လူလူချင်းစာနာထောက်ထားခြင်း စတဲ့ နည်းဗျူဟာတွေနဲ့ လွတ်လပ်ရေးကိုတိုက်ယူတာဟာ ပိုပြီးစွမ်းအားရှိကာ အောင်မြင်နိုင်ကြောင်းကို သက်သေပြသွားတာ ပဲဖြစ်ပါတယ်။ Gandhi အမြဲပြောတတ်တဲ့ ဆောင်ပုဒ်တစ်ခုကတော့ ''Through all the history , the way of and truth and love has always won, There have been tyrants and murders.. and for a time , they can seem invincible ..but in the end they always fall..Think of it'' ပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ဘ၀ဖြစ်စဉ်နေ့စွဲများ


၁၉၁၅။ ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် မကွေးတိုင်း နတ်မောက်မြို့၌ဖွားမြင်သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသောလည်း အကိုဖြစ်သူ အောင်သန်းနှင့်လိုက်ဖက်အောင် အောင်ဆန်းဟုခေါ်တွင်ခဲ့သည်။


၁၉၂၂။ ။ အသက် ၇ နှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတထံတွင် ကျောင်းနေခဲ့သည်။


၁၉၂၈။ ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောငိးသို့ ပြောင်းနေခဲ့သည်။


၁၉၃၀။ ။ သတ္တမတန်းအောင်ကာ ဦးရွှေရိုးစကောလားရှစ်ရသည်။ တစ်လ ၁၀ဖြင့် သုံးနှစ်စာ စကောလားရှစ်ရခဲ့သည်။


၁၉၃၂။ ။ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္တသိုလ်ရောက်သည်။


၁၉၃၄။ ။ ဥပစာတန်းအောင်သည် (စာမေးပွဲခုံအမှတ် ၂၃၁)။ တကသ အမှုဆောင်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။


၁၉၃၅-၃၆။ ။ တကသအမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးမဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌ "ခွေးသရမ်းကြီးလွတ်နေသည်" (Hell Hound At Large) ဆောင်းပါးရေးသူကို ထုတ်ဖော်မပြောသဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံရသည်။


၁၉၃၆။ ။ တကသ ဒုဥက္ကဌရွေးချယ်ခံရသည်။ ရန်ကုန်မြို့ ဂျူဘာလီဟောခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံတွင် မိန့်ခွန်းပြောကြားသည်။


၁၉၃၇။ ။ အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးဗေဒ ဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့် စာဖတ်အသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ပဲခူးဆောင် အခန်းအမှတ် (၁၁၃)တွင် နေခဲ့သည်။


၁၉၃၇-၃၈။ ။ တကသဒဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သည်။


၁၉၃၈။ ။ ဥပဒေသင်ကြားနေရာမှ၎င်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဥက္ကဌ နေရာမှ၎င်း နှုတ်ထွက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော နယူဘားမား သတင်းစာ အယ်ဒီတာအဖွဲ့တွင် ခေတ္တ၀င်ရောက် လုပ်ကိုင်သည်။ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသား ကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သည်။


၁၉၃၈-၃၉။ ။ တကသဥက္ကဌအဖြစ် ဆောင်ရွက်သည်။


၁၉၃၉။ ။ ဇန်န၀ါရီလတွင် ရန်ကုန်အရေးတကြီး လုံခြုံရေးအက်ဥပဒေဖြင့် (၁၅)ရက် ဖမ်းဆီးထောင်ချခံရသည်။ ဖေဖော်ဝါရီ (၂၅)ရက်နေ့ သန်းခေါင်ကျော် ၂ နာရီခွဲတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းအလုပ် အမှုဆောင် အစည်းအဝေးသို့ တက်ရောက်သည်။ ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၅နာရီတွင် ဗမာပြည် နန်းရင်းဝန်၊ မြို့မိမြို့ဖ အဖွဲ့ဝင်လူကြီးများနှင့် ကျောင်းသား ခေါင်းဆောင်များ (ကျောင်းသားသပိတ် အရေးနှင့် စပ်လျဉ်း၍) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်သည်။ ဧပြီ ၆ ရက်မှ ၉ ရက် အထိ ကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှုးအဖြစ် တာဝန်ခံ ဆောင်ရွက်သည်။ သြဂုတ်လ ၁၃ရက်နေ့တွင် ရန်ကုန်ရေကျော်ရပ် တို့ဗမာအစည်းအရုံး တည်နေရာ၌ သခင်ဆောင်ဆန်း၊ သခင်လှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံး အတွင်းတွင် ကွန်မြူနစ်အဖွဲ့လေးတရပ် စတင်ဖွဲ့စည်းသည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်း ၄၉လမ်း အိမ်နံပါတ် ၁၈၈တွင် ဗမာပြည် ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာတည်ထောင် ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေ အတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ဒေါက်တာဘမော်အိမ်၌ ကျင်းပသော အစည်းအဝေး၌ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်း ခံရသည်။ နိုဝင်ဘာ ၁၈ ရက်ေ န့တွင် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို စတင်တည်ထောင်ကာ သခင်အောင်ဆန်းအား ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြသည်။ ၁၉၃၉ ဒီဇင်ဘာလမှ ၁၉၄၀ ဇန်န၀ါရီလ အတွင်း ဗမာတစ်ပြည်လုံးသို့ တရားလှည့်လည် ဟောပြောခဲ့သည်။

၁၉၄၀။ ။ မတ်လ ၂၂ရက်နေ့ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင် ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက်ညီလာခံသို့ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်၊ သခင်ဆင်ဂူပတား၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ ကိုဗဟိန်း တို့နှင့်အတူ တက်ရောက်ခဲ့ကာ မေလ ၅ရက်၌ ရန်ကုန်ပြန်ရောက်သည်။ ဇွန်လ ၂၉ ရက်တွက် ဟင်္သတခရိုင် ရာဇ၀တ်ဝန် မစ္စတာဇေးဗီးယားက ဇွန်လ ၁ရက်နေ့ ဇလွန်မြို့၌ ချင်းတောင် အကြောင်း ဟောပြမှုဖြင့် သခင်အောင်ဆန်းကိုဖမ်းရန် ၅ ကျပ်တန် ၀ရမ်းကို ထုတ်ခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် သခင်လှမြိုင်နှင့်အတူ ဟိုင်လီအမည်ရှိ သင်္ဘောဖြင့် ဗမာပြည်မှ တရုတ်ပြည်သို့ လျှို့ဝှက်စွာ ထွက်ခွါခဲ့ကြသည်။ သြဂုတ်လ ၂၄ရက်နေ့တွင် တရုတ်ပြည် အမွိုင်သို့ ရောက်ရှိကာ ထိုမှတဆင့် နိုဝင်ဘာ ၁၂ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။


၁၉၄၁။ ။ မတ်လ ၃ရက်နေ့တွင် ဗမာပြည်သို့ပြန်လာပြီး မတ်လ ၉ ရက်နေ့၌ ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ်လူငယ်တစ်စုကို တပါးတည်းခေါ်ယူပြီး ဂျပန်ပြည်သို့ လျို့ဝှက်စွာ ပြည်လည် ထွက်ခွာခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ပြည်တိုကျိုမြို့သို့ ပြန်လည် ဆိုက်ရောက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလ ၀ရမ်းပြေးနေစဉ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။ ဒီဇင်ဘာ ၂၇၊ ၁၉၄၁​ စနေနေ့ည ၁ နာရီအချိန်တွင် ယိုးဒယား ပြည်ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏နေအိမ်တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းပြီး လက်မောင်းသွေး ဖောက်သောက်ကြသည်။



၁၉၄၂။ ။ ဇန်န၀ါရီ ၁ ရက်တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို ဘားမားလစ် (Burma List) ခေါ် အင်္ဂလိပ်အစိုးရ၏ ရန်သူတော် စာရင်းတွင် အမှတ်စဉ် ၂ အဖြစ် ကြေညာခဲ့သည်။ ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်။ သြဂုတ်လ ၁ရက်တွင် ဘီအိုင်အေ ဗမာလွတ်လပ်ရေး တပ်မတော်မှ ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ်သို့ ပြောင်းလဲရာတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ တပ်မတော်၏ သေနာပတိ ဖြစ်လာသည်။ စက်တင်ဘာလ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ လက်ထပ်ပွဲတွင် ဆေးရုံ ယခုစစ်ရုံးချုပ်ပေါ်၌ပင် ကျင်းပသည်။ နိုဝင်ဘာလ ၈ရက်တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာ ဖြစ်သင်တန်းတွင် သေနင်္ဂဗျူဟာ စစ်ပညာအကြောင်း ဟောပြောသည်။



၁၉၄၃။ ။ မတ်လတွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ မတ်လ ၁၇ရက်တွင် ဒေါက်တာဘမော်နှင့် အတူဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခြင်းခံရပြီး ၁၉၄၃ မတ် ၂၂ ရက်တွင် ဂျပန်အင်ပါယာ၏ ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (order of the risingsun) ဖြင့် ချီးမြှင့်ခံရသည်။ သြဂုတ်လ ၁ရက်တွင် ဗမာ့တပ်မတော် စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ဂျပန်အစိုးရ၏ (First Class Order of The Sacred Treadsure) ချီးမြှင့်ခြင်း ခံရသည်။ အောက်တိုဘာ ၂ ရက်တွင် ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားသည်။


၁၉၄၄။ ။ သြဂုတ်လ ၄ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ) ကို ပဲခူးမြို့ဗမာ့တပ်မတော် တိုင်း ၄ စခန်း၌ လျို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်ုးသည် ဖဆပလ ဗဟိုဦးစည်း အဖွဲ့တွင်၎င်း၊ ဖဆပလ ဗဟိုစစ်ကောင်စီတွင်၎င်း၊ စစ်ရေး ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ သြဂုတ်လ ၂၃ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ ပတ်လမ်းနှင့် ဦးထွန်းမြင့် လမ်းထောင့်ရှိ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဗမာ့တပ်မတော် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြည့်သူ့အရေးတော်ပုံ ပါတီတို့ ပါဝင်ဖွဲ့စည်းသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကို ပြည်လည်ဖွဲ့စည်းသည်. စက်တင်ဘာ ၃ ရက်တွင် ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်ကြီး စောစံဘိုးသင်၊ ဗိုလ်မှူးရဲထွက်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည့် နှင့်အတူ မြောင်းမြမြို့သို့ ရောက်လာကြသည်။ စက်တင်ဘာ ၇ရက်တွင် ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်ကြီးစောစံဘိုးသင်၊ ဒုဗိုလ် သိန်းဆွေ၊ ဗိုလ်မှူးကြီး ဇေယျ၊ ဗိုလ်မှူးရဲထွက်တို့နှင့်အတူ ပုသိမ်ခရိုင် ကန်ကြီးထောင့်ရွာသို့ ခရီးထွက်ကြသည်။



၁၉၄၅။ ။ မတ်လ ၁၇ ရက်တွင် ရန်သူကို တိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်ပြီး စစ်မြေပြင် ထွက်ခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်ဂျပန်များကို စတင်တော်လှန်သည်။ မေလ ၆ ရက်တွင် ဗိုလ်ချုပ်စလင်းနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံသည်။ ဇွန် ၂၀ ရက်တွင် အင်္ဂလိပ်စစ်သင်္ဘော ကမ်ဘာလင် (H.M.S Cumberland) ပေါ်၌ အခြား နိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဆွေးနွေသည်။ သြဂုတ်လ ၁၉ ရက် နေသူရိန် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။ သြဂုတ်လ ၂၉ ရက် မြို့တော်ခန်းမ၌ ကျင်းပသည့် အရှေ့အနောက်အသင်း (East And West Association) တွင် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ စက်တင်ဘာလ ၄ ရက်တွင် အရှေ့တောင်အာရှဆိုင်ရာ သေနာပတိ လော့မောင်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက် တည်တံ့ရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေ၀င်း၊ ဦးဘဖေတို့နှင့်အတူ သီဟိုကျွန်း ဂန္ဓီမြို့သို့ သွားသည်။



၁၉၄၆။ ။ ဇန်န၀ါရီ ၂၀ရက်တွင် ရွှေတိဂုံအလယ် ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံတွင် ဖဆပလ ဥက္ကဌအဖြစ် တင်မြောက်ခံရသည်။ မတ်လ ၄ ရက်တွင် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်စံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့ ခရီးထွက်သည်။ မတ်လ ၆ ရက်တွင် တောင်ကုတ်ေ ရာက်သည်။ မတ်လ ၇ ရက်တွင် တောင်ကုတ်၌ တရားဟောသည်။ မတ်လ ၁၀ ရက်တွင် စစ်တွေကိုရောက်ပြီး၊ မတ်လ ၁၁ရက်နေ့၌ စစ်တွေမြို့တွင် တရားဟောသည်။ မတ်လ ၂၆ ရက်တွင် စထရင်း ဟော်တယ်၌ အိန္ဒိယခေါင်းဆောင် ပဏ္ဍစ်နေရူးနှင့် ၃နာရီကြာ ဆွေးနွေးသည်။ မေလ ၂၈ ရက် ညနေ၄ နာရီ အချိန်၌ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အားလုံးကို လောင်းဝစ် လမ်းဌာနချုပ် အဖွဲ့တည်ရာ ဌာန၌ သြ၀ါဒမိန့်ခွန်း ပေးသည်။ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏ အမှူဆောင် ကောင်စီ၌ ဒုသဘာပတိ အဖြစ် ရာထူးလက်ခံပြီး အစိုးရအဖွဲ့ အသစ်ကိုဖွဲ့သည်။ နိုဝင်ဘာလ ၂ ရက် မြစ်ကြီးနားရှိ တိုင်းရင်းသား ကချင်စစ်တပ်ကို စစ်ဆေးသည်။ နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အထက်ဗမာပြည်သို့ ခရီးထွက်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကယားပြည်နယ် လွယ်ကော်မြို့၌ ကျင်းပသည့် ကရင်အမျိုးအသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်သည်။ ဒီဇင်ဘာလ ၂၄ ရက် နံနက်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော၌ စော်ဘွားများနှင့် ပထမဆုံးအကြိမ်ဆွေးနွေးသည်။




၁၉၄၇။ ။ ဇန်န၀ါရီ ၂ရက်တွင် သခင်မြ၊ ဦးတင်ထွတ်တို့နှင့် အတူ ဘိလပ်သို့ သွားသည်။ ဇန်န၀ါရီ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဒေလီရေဒီယိုမှ ဗမာပြည်သို့ ဟူသော မှာကြားချက် မိန့်ခွန်းကို အသံလွှင့်သည်။ အာရှညီညွတ်ရေးသို့ ဟူသော ဗိုလ်ချုပ်အသံသွင်း မိန့်ခွန်းကိုလည်း ထိုနေ့ည ၈ နာရီခွဲအချိန်တွင် ဒေလီရေဒီယိုမှ အသံလွှင့်သည်။ ဇန်န၀ါရီလ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီ ခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ ၀န်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။ ဇန်န၀ါရီ ၂၈ ရက်တွင် အောင်ဆန်း အက်တလီစာချုပ်အား လက်မှတ်ထိုးသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန် ပြန်ရောက်သည်။ ဖေဖော်ဝါရီ ၈ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့သို့ သွားရောက်သည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် လက်မှတ် ရေးထိုးသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော မြို့တော်ဝန်၏ ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၀ ရက်နေ့တွင် ဗမာပြည် အင်္ဂလိပ် ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ လေကြောင်းခရီးဖြင့် မြိတ်၊ ထားဝယ်၊ မော်လမြိုင်မြို့များသို့ ခရီးထွက်သည်။ မတ်လ ၁၇ရက်နေ့ ညနေ၄နာရီအချိန်တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံတွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၂၀ ရက်နေ့တွင် ကျောက်ဆည်နှင့် မန္တလေးမြို့များတွင် တရားဟောသည်။



မတ်လ ၂၁ စစ်ကိုင်းမြို့တွင် တရားဟောသည်။ မတ် ၂၃ ရက် ညောင်ဦးမြို့တွင် တရားဟောသည်။ မတ်လ ၂၄ ရက် မကွေးမြို့တွင် တရားဟောသည်။ မတ်လ ၂၅ ရက် တွင် နတ်မောက်မြို့တွင် တရားဟောသည်။ မတ်လ ၂၇ ရက် အာလံ (အောင်လံ) တွင် တရားဟောသည်။ ထိုနေ့တွင်ပင် ရန်ကုန် ပြန်ရောက်သည်။ ဧပြီလ ၁ ရက်တွင် လေယာဉ်ဖြင့် စစ်တွေသို့ ခရီးထွက်သည်။ ထိုညနေတွင် ရေတပ်မတော်မှ စစ်သင်္ဘောဖြင့် မြေပုံမြို့သို့ ခရီးဆက်သည်။ ဧပြီလ ၂ ရက်နေ့တွင် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာသည်။ ဧပြီလ ၄ ရက်တွင် အုတ်တွင်း တောင်ငူ ပျဉ်းမနားမြို့များတွင် တရားဟောသည်။ ဧပြီလ ၅ ရက်တွင် ပျော်ဘွယ်၊ တပ်ကုန်း၊ ရမည်းသင်းမြို့များတွင် တရားဟောသည်။ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီတွင် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့် အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလ အဖွဲ့သည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည်။ ဧပြီလ ၁၂ ရက်နေ့ နေလယ် ၂ နာရီတွင် ဗီယက်နမ် နိုင်ငံကိုယ်စားလှယ် ပါမောက္ခ ရန်ပင်လော့နှင့် တွေ့ဆုံသည်။ ဧပြီလ ၁၇ရက် နေ့လည် ၁ နာရီတွင် ကန်တော်ကြီးစောင်း အိုရီယန့်ကလပ်၌ ယိုးဒယား အစိုးရနှင့် ဗီယက်နမ်အစိုးရ ကိုယ်စားလှယ်တော်များ ဧည့်ခံပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၁၈ ရက်နေ့တွင် နှစ်သစ်ကူး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၂၈ရက်နေ့ မန္တလေးသို့ လာသည်။



မေလ ၄ ရက်နေ့တွင် ဗိုလ်ချုပ်နေအိမ်၌ ဖဆပလ ကိုယ်စားလှယ်များ ဆိုရှယ်လစ် ကိုယ်စားလှယ်များ၊ ပရသဖ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး နယ်များတွင် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်များ မသင့်တင့်သည့် ကိစ္စများဖြေရှင်းပေးသည်။ မေလ ၆ ရက်နေ့ည ၈နာရီတွင် ပြည်လမ်း ပဲခူးကလပ်၌ မျက်နှာဖြူ ကုန်သည်ကြီးများ နှင့် ဆွေးနွေးသည်။ မေလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပသျူးအစိုးရ ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ ဘဟာနုဒင်နှင့် မစ္စတာ ဂျာဇန်ဇူလေမန်တို့ကို လက်ဖက်ရည်ပွဲနှင့် ဧည့်ခံသည်။ မေလ ၁၀ရက်နေ့ ညနေ ၃နာရီအချိန်တွင် သတင်းစာဆရာများကို အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဦးဘဖေကို ၀န်ကြီးအဖွဲ့မှ ထုတ်ပယ်သည့်ကိစ္စနှင့် စပ်လျဉ်းပြီး ရှင်းလင်း တင်ပြသည်။ မေလ ၁၂ရက်နေ့ည ၈နာရီတွင် အမေရိကန် သံအမတ် မစ္စတာ ပက်ကာ၏ နေအိမ်တွင် ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်သည်။ မေလ ၁၇ ရက်နေ့တွင် ယိုးဒယားဘုရင်ရဲ့ ဆွေတော်မျိုးတော်ဖြစ်သော မင်းသမီး ချန်ဘောနှင့် သမီးတော အာစီ မင်းသမီးတို့ကို တာဝါလိန်းနေအိမ်၌ ညစာဖြင့် ဧည့်ခံကျွေးမွေးသည်။ မေလ ၁၉ ရက်နေ့တွင် ဖဆပလ ပဏာမ ညီလာခံ ကျင်းပသည်။ မေလ ၂၅ ရက်နေ့တွင် ဗြိတိသျှရေတပ်မှ စစ်သင်္ဘော H.M.S FALE (ယခုစစ်ရေယာဉ် မေယု) အား ရေတပ်လက်ထောက် ဗိုလ်ချုပ် မစ်ချယ်က လွဲပြောင်းပေးသည်ကို အဆိုပါ သင်္ဘောပေါ်၌ပင် လက်ခံသည်။ မေလ ၃၀ ရက်နေ့တွင် သတင်းစာ ကွန့်ဖရန့်ပြုလုပ်သည်။ ဇွန်လ ၁၆ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌ အခြေခံဥပဒေနှင့် ပတ်သတ်သည့် လမ်းညွှန်ပြဌာန်းချက်ကို တင်သွင်းသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ဗမာပြည်ရှိ အိန္ဒိယ ငဋိညာဉ်ခံ ၀န်ထမ်းများ (I.C.S) နှင့် တွေ့ဆုံ ဆွေးနွေးသည်။ ဇူလိုင်လ ၁၃ရက် တနင်္ဂနွေနေ့ မြို့တော်ခန်းမမှနေပြီး လူထုသို့ မိန့်ခွန်းပြောကြားသည်။ ထိုမိန့်ခွန်းသည် နောက်ဆုံး ပြောကြားခဲ့သော မိန့်ခွန်းဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့သည်။

ပထမ အင်္ဂလိပ် - မြန်မာစစ်

From Myanmar Online Encyclopedia

Jump to: အညွှန်း​, ရှာဖွေရန်

ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲ


ပထမအင်္ဂလိပ်မြန်မာစစ် သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည်။ ကုန်းဘောင်ခေတ်၊ ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ဖြစ်ပွားခြဲ့ခင်းဖြစ်သည်။ ရှင်မဖြူကျွန်း ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် ရန္တပိုစာချုပ်ချုပ်ဆိုပြီး စစ်ပွဲအဆုံးသတ်သည်။ ပထမ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် အာသံ၊ မဏိပူရ နှင့် တနင်္သာရီဒေသ တို့ကို အင်္ဂလိပ်တို့အား ပေးအပ်ခဲ့ရသည်။ စစ်ပွဲအတွင်း စစ်သူကြီးမဟာဗန္ဓုလသည် ဓနုဖြူ တိုက်ပွဲတွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရင်း ခရစ်နှစ်-၁၈၂၅ခု၊ ဧပြီ (၁) ရက်နေ့တွင် ကျဆုံးခဲ့သည်။

ဘကြီးတော်မင်း (၁၈၁၉ - ၁၈၃၇) လက်ထက်တွင် ဖြစ်ပွားခဲ့သည် အင်္ဂလိပ် - မြန်မာ ပထမ စစ်တွင် အင်္ဂလိပ် ရေတပ်က ရန်ကုန်ကို ဝန်းရံ တိုက်ခိုက်နေပုံ ပန်းချီကား။

[ပြင်ဆင်ရန်​] စစ်ပွဲ ဖြစ်ရသည့် အကြောင်းများ


ဘကြီးတော်မင်း နန်းတက်သော အခါ မိဖုရားကြီး မယ်နုနှင့် မယ်နု၏ ဆွေမျိုးသားချင်းများ၊ ၎င်းတို့၏ အလိုတော်ရိများသည် နန်းတွင်း၌ သြဇာ ကြီးမား ခဲ့ကြသည်။ ခြုံ၍ ကြည့်လျှင် ၎င်းတို့သည် အရည်အသွေး ရှိသူများ၊ အစွမ်းထက်သူများ ဖြစ်ကြသည်။ သို့သော် အများအားဖြင့် ၎င်းတို့သည် ပြင်ပ ကမႝာ အကြောင်းကို သတိမမူသူများ ဖြစ်၍ မြန်မာ့ အင်အားကို လွန်စွာ အထင်ကြီးနေသူများ ဖြစ်ကြသည်။ မည်သည့်နိုင်ငံနှင့် မဆို မြန်မာတို့ အလိုကျ ဆက်ဆံနိုင်သည် ဟူ၍လည်း ယူဆကြလေသည်။



ဘကြီးတော်မင်း ဘိသိက် မင်္ဂလာ ဆင်ယင်သောအခါ၌ မဏိပူရ ရာဇာ မတက်ရောက် ခြင်းသည် မြန်မာတို့ကို မထီလေးစား ပြု၍ ပုန်ကန်ခြင်း ဖြစ်သည်ဟု မြန်မာတို့က ယူဆကြ ကုန်သည်။ နောင်ကျင် သွားစေရန် သင်ခန်းစာ ပေးရမည် ဖြစ်၍ မြန်မာ တပ်ကြီးကို မဏိပူရသို့ သွားရောက် တိုက်ခိုက်စေသည်။ မာဂျစ်ဆင် နောက်လိုက် နောက်ပါ ထောင်ပေါင်း များစွာဖြင့် အိမ်နီးချင်း နယ်ပယ်ဖြစ်သော ကချာ ဒေသတွင်းသို့ ထွက်ပြေး တိမ်းရှောင်လေသည်။ ကချာ ရာဇာသည် ကြောက်ရွံ့ ထိတ်လန့်ခြင်းဖြင့် အနီးအနား ဖြစ်သော ဗြိတိသျှပိုင် စပ်လျက် နယ်သို့ ဝင်ပြေးလေသည်။ ကချာရာဇာ ဂေါဝိန္ဒ ချန္ဒရသည် ဗြိတိသျှနှင့် မြန်မာ နှစ်ဦးစလုံးထံ အကူအညီ တောင်းသည်။ ဗြိတိသျှတို့သည် ကချာနှင့် ဂျိန်းတိယ နယ်များတွင် မြန်မာတို့ လွှမ်းမိုးမည်ကို ထိတ်လန့် လာခဲ့သည်။ ထိုနယ် နှစ်နယ်ကို မြန်မာတို့ သိမ်းပိုက်မိလျှင် မြန်မာတို့ ဘင်္ဂလားသို့ ဝင်ရောက် စစ်ခင်းမည်မှာ အမှန် ဖြစ်ချေသည်ဟု စိုးရွံ့လာကြသည်။ ထို့ကြောင့် ဗြိတိသျှတို့သည် ဂျိန်းတိယနှင့် ကချာ နယ်များကို ဗြိတိသျှတို့ လက်အောက်ခံ နယ်မြေများ ဖြစ်သည်ဟု အလျင်အမြန် ကြေညာ လိုက်လေသည်။



ထိုအတော အတွင်း၌ ရခိုင် နယ်စပ် ပြဿနာသည် ဗြိတိသျှနှင့် မြန်မာတို့ မလွှဲမရှောင်သာအောင် ပဋိပက္ခ ဖြစ်ပွားရန် ဖန်တီးခဲ့သည်။ အရှေ့အိန္ဒိယ ကုမ္ပဏီမှ ဆင်လိုက် မုဆိုးများသည် မြန်မာတို့က မြန်မာ့ နယ်မြေဟု ယူဆသော နယ်မြေ အတွင်းသို့ ကျူးကျော် ပေါက်ရောက်ခဲ့ သဖြင့် မြန်မာတို့က ၎င်းတို့အား ဖမ်းဆီး ချုပ်နှောင်ထားပြီးနောက် နတ်မြစ်ဝကို အစောင့်အကြပ် ထူထပ်စွာ ချထားလိုက်သည်။ ဗြိတိသျှတို့ကလည်း နတ်မြစ်ဝရှိ ရှင်မဖြူ (ရှပူရီ) ကျွန်းပေါ်တွင် စစ်တပ်ငယ် တခု ချထားသည်။ ၁၈၂၃ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာတို့က ရှင်မဖြူကျွန်းကို တိုက်ခိုက် သိမ်းယူလိုက်သည်။ အိန္ဒိယရှိ ဘုရင်ခံချုပ် လတ်မင်းကြီး အင်းမတ်စ်သည် ရှင်မဖြူကျွန်းကို ဗြိတိသျှတို့အား ပြန်အပ်ရန် မြန်မာ အာဏာပိုင်များထံ အကြောင်းကြားသည်။ နယ်စပ်ကိုလည်း သေချာစွာ သတ်မှတ်ရန် အားထုတ်လေသည်။ ဗြိတိသျှ အရာရှိ နှစ်ဦးဖြစ်သော ချူးနှင့် ရိုက်စ်တို့ကို နယ်စပ်ကိစ္စ ဆောင်ရွက်ရန် စေလွှတ်ရာ မြန်မာတို့က ၎င်းတို့ကို ဖမ်းဆီး ချုပ်နှောင်လိုက်သည်။ ထို့ပြင် မြန်မာတို့သည် ကချာနယ်တွင်းသို့ ဝင်ရောက် တိုက်ခိုက် ကြလေသည်။ ထိုအချိန်၌ ဗြိတိသျှတို့သည် ရှေးယခင်ကထက် ပို၍ အင်အားများစွာ ပြည့်ဖြိုး နေလေသည်။ ဗြိတိသျှတို့သည် နပိုလီယံနှင့် ယှဉ်ပြိုင် တည်ဆောက်ကြရာ၌ ကမ္ဘာ အနှံ့အပြားတွင် အနိုင်ရခဲ့ပြီ ဖြစ်လေသည်။



အိန္ဒိယတွင် ဗြိတိသျှတို့၏ စစ်အောင်နိုင်မှုကို ထိရောက်စွာ အသုံးပြုနိုင်စေရန် အိန္ဒိယ နိုင်ငံသားများက ဗြိတိသျှတို့၏ တန်ခိုးအာဏာ လွှမ်းမိုးခြင်းကို အကျောက်အကန် မပြုတော့ဘဲ အသာတကြည် လက်ခံရန် လိုလေသည်။ ထိုကြောင့် မြန်မာတို့က ထိပါးလာသည်ဟု ယူဆသော အခါ၌ ဗြိတိသျှတို့သည် ချက်ခြင်း တုံ့ပြန်မည်သာ ဖြစ်လေသည်။ ၁၈၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့၌ မြန်မာနိုင်ငံကို ဗြိတိသျှတို့က စစ်ပြုကြောင်း ကြေညာလိုက်လေသည်။



[ပြင်ဆင်ရန်​] အင်္ဂလိပ် မြန်မာ ပထမ စစ်ပွဲ


ဗြိတိသျှတို့သည် မြန်မာတို့ထက် မိမိတို့က အင်အား သာနေကြောင်းကို ယုံကြည် စိတ်ချကြသည်။ ထို့ပြင် မြန်မာ့ အခြေအနေသည် အပေါ်ယံ အမြင်ထက် ပိုမို၍ ချို့ငဲ့ နေသည်ဟု ယူဆသည်။ ဥပမာ ဗြိတိသျှနှင့် မြန်မာ စစ်ဖြစ်လျှင် ယိုးဒယားတို့က အခွင့်ကောင်းယူ၍ မြန်မာတို့ကို အလျင်အမြန် ကလဲ့စား ချေကြလိမ့်မည်ဟု လည်းကောင်း၊ မွန်တို့က ဗြိတိသျှတို့အား မိမိတို့ကို မြန်မာ့ လက်အောက်မှ ကယ်တင်ပေးသူ အဖြစ်နှင့် ဝမ်းပန်းတသာ ကြိုဆို ကြလိမ့်မည်ဟု လည်းကောင်း၊ ရခိုင်တို့ကလည်း ထိုနည်းတူပင် ရှိလိမ့်မည်ဟု လည်းကောင်း တွေးထင် ယူဆလေသည်။



ဗြိတိသျှတို့ တွေးထင်ချက်သည့် မှန်သင့်သလောက် မှန်သည်။ ရခိုင်သားတို့သည် မြန်မာ အရာရှိများကို နှစ်မြို့ခြင်း မရှိချေ။ မြန်မာတို့ထက် ဗြိတိသျှတို့က အင်အားသာ၍ ဗြိတိသျှတို့သည် စစ်နိုင်မည့်သူ ဖြစ်ကြောင်းကို ကောင်းစွာ ချိန်ဆ တတ်သူများ ဖြစ်သည်။ ထိုကြောင့် ဗြိတိသျှတို့သည် ရခိုင် စစ်တပ် တတပ်ကိုပင် ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် ရခိုင်သားတို့သည် ရခိုင်ဒေသမှ မြန်မာတို့ ထွက်ခွာ သွားစေရန်ကိုသာ အလိုရှိသူများ ဖြစ်၍ မြန်မာတို့ ဆုတ်ခွာရလျင်ပင် ဗြိတိသျှ အုပ်ချုပ်မှုကိုလည်း အလိုမရှိ ဖြစ်ကြတော့သည်။



တောင်ပိုင်း မွန်တို့သည်လည်း မြန်မာတို့ကို တော်လှန် တိုက်ခိုက် နေခြင်းဖြင့် အချိန်ကုန် လူပန်း နစ်နာ ခဲ့သည်ဟု သဘောပေါက်ကာ မြန်မာဘုရင် အုပ်စိုးခြင်းကို အကြည်အသာ ခံယူကြပြီ ဖြစ်သည်ကို တွေ့ရသည်။ သံလျင်ရှိ မွန်မြို့ဝန်သည် မိမိ နှစ်မကို မြန်မာမင်းနှင့် လက်ဆက်ခဲ့သည်။ ၎င်းသည် မြန်မာတို့၏ တန်ခိုးအင်အား ခိုင်လုံခြင်း မရှိတော့ကြောင်းကို သိမြင်သည့် အချိန်အထိ ဗြိတိသျှတို့ကို အကူအညီ မပေးဘဲနေခဲ့သည်။



ယိုးဒယားတို့က ဗြိတိသျှတို့ စစ်အောင်နိုင်လျှင် ဝင်၍ အမြတ်ထုတ်ရန် စိတ်အား သန်လျက် ရှိကြသည်။ သို့သော် ဗြိတိသျှတို့သည် မြန်မာတို့ကို အလွယ်တကူ တိုက်ခိုက် နှိမ်နင်း နိုင်သည်ဟု ယုံကြည်မှု မရှိသောကြောင့် နောက်ဆုတ် နေကြလေသည်။ မြန်မာနိုင်ငံ ပြိုကွဲသော အခါမှ ရသမျှကို ဝင်ရောက် သိမ်းယူမည်သာ ဖြစ်လေသည်။



ဗြိတိသျှတို့သည် ရန်ကုန်ကို သိမ်းပိုက်ပြီးလျှင် မြန်မာတို့ထံမှ စစ်ပြေငြိမ်းစကား ဆိုလာလိမ့်မည်ဟု ထင်မှတ် ခဲ့ကြသည်။ အကယ်၍ ရန်ကုန် သိမ်းပိုက်ပြီးသည့် တိုင်အောင် မြန်မာတို့က စစ်ပြေငြိမ်းစကား မဆိုလာလျှင် မွန်နှင့် အခြား မြန်မာ မဟုတ်သော တိုင်းရင်းသားများသည် ဗြိတိသျှ စစ်တပ်ကြီးကို ပြည်မတွင်းသို့ ချီတက်နိုင်စေရန် သယ်ယူ ပို့ဆောင် ပေးလိမ့်မည်ဟု မျှော်လင့်နေသည်။



ဗြိတိသျှ တပ်မကြီး၌ ဥရောပ စစ်သည် ၅,၀၀၀ အပါအဝင် စစ်သည်ပေါင်း ၁၁,၀၀၀ ရှိသည်။ ဗြိတိသျှ စစ်တပ်ကြီးသည် အိန္ဒိယ ဆိပ်ကမ်း အသီးသီးမှ ထွက်ခွာ၍ အန်ဒမန် ကျွန်းစုတွင် ဆုံတွေ့ပြီးနောက် ရန်ကုန် ဆိပ်ကမ်းသို့ ဝင်ကြလေသည်။ ထိုစစ်တပ်ကြီး အပြင် အာသံ၊ မဏိပူရနှင့် ရခိုင်သို့လည်း မြန်မာတို့ကို တိုက်ခိုက် နှင်ထုတ်ရန် စစ်တပ်ခွဲများ စေလွှတ်သည်။ တနင်္သာရီကို သိမ်းရန် အတွက်လည်း ရေတပ် တတပ် စေလွှတ်လိုက်သည်။



မြန်မာတို့က ဗြိတိသျှတို့သည် ဘင်္ဂလားနယ်ကို သိမ်းပိုက်ထားသည်နှင့် တချိန်တည်းတွင် ပင်လယ်ကြောင်းမှ မြန်မာနိုင်ငံသို့ ဝင်ရောက် တိုက်ခိုက် လိမ့်မည်ဟု တကြိမ် တခါမျှ စဉ်းစားမိခြင်း မရှိခဲ့ပေ။ ၁၈၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ရန်ကုန် ဆိပ်ကမ်းသို့ ဗြိတိသျှ စစ်သင်္ဘောများ ရောက်လာသော အခါ၌ မြန်မာတို့သည် အံ့အား အသင့်ကြီး သင့်ကုန်ကြသည်။ ဗြိတိသျှတို့သည် ရန်ကုန်ကို အလွယ်တကူပင် ရလိုက်လေသည်။ သို့သော် ရန်ကုန်ကို သိမ်းပိုက်နိုင်ခြင်းဖြင့် ရုတ်တရက် ထူးခြားခြင်း မရှိချေ။ မြန်မာ စစ်မှူး စစ်ကဲတို့သည် ရန်ကုန် ပတ်လည်တွင် နေထိုင်သူ အားလုံးတို့ကို ရွှေ့ပြောင်းစေသည်။ ရန်ကုန် ဝန်းကျင် ပတ်လည်တွင် လူသူ ဆိတ်သုဉ်း၍ တောကြီး မြက်မဲသာလျှင် ရံ၍ ရှိရကား ဗြိတိသျှတို့သည် စားနပ်ရိက္ခာနှင့် လမ်းပြများ၊ သတင်း ပေးပို့မည့်သူများ၊ သယ်ယူ ပို့ဆောင် ပေးမည့်သူများကို ရှာဖွေ မရနိုင် ဖြစ်လေတော့သည်။ မကြာမြင့်မီ မိုးကျ၍ လာလေရာ ဗြိတိသျှတို့မှာ ထိုနေရာမှ ထပ်မံ ရွေ့လျားနိုင်ခြင်း မရှိတော့ဘဲ မြန်မာတို့ လာရောက် တိုက်ခိုက်ခြင်းကိုသာ စောင့်ဆိုင်း၍ နေကြရလေသည်။



ဗြိတိသျှတို့ စစ်ကြေညာသော အချိန်၌ မြန်မာတို့၏ တပ်မကြီးသည် စစ်တကောင်းနှင့် ဘင်္ဂလားကို တိုက်ခိုက်ရန် အိန္ဒိယ နယ်စပ်တွင် ရောက်နေလေသည်။ သို့သော် မြန်မာနိုင်ငံ အတွင်း၌ စစ်တပ်များ အလျင်အမြန် ဖွဲ့စည်း၍ သုံးပါး ဝန်ကြီးနှင် ကျည်ဝန်ကြီးတို့ ကွပ်ကဲပြီးလျှင် ဗြိတိသျှ စစ်တပ်ကို ခုခံ တိုက်ခိုက်ကြသည်။ ဗြိတိသျှတို့သည် ရန်ကုန်ကို သိမ်းပိုက်ပြီးနောက် ရွှေတိဂုံ ကုန်းမြင့်တွင် တပ်စွဲ၍ တြိဂံ ပုံသဏ္ဍာန် ခံတပ် တည်ဆောက်ကြသည်။ တပ်စခန်းထိပ်ဖျားမှာ ရွှေတိဂုံ ဘုရား ဖြစ်၍ တပ်အခြေမှာ ရန်ကုန်မြစ် ဖြစ်သည်။ မြန်မာတို့သည် ကြည့်မြင်တိုင်တွင် တပ်စွဲပြီးနောက် ထိုမှ တဆင့် ဗြိတိသျှ ရေတပ် ဆုတ်ခွာရန် သို့မဟုတ် မီးလောင် ပျက်စီး သွားစေရန် မီးဖောင်များကို ကြည့်မြင်တိုင် ဆိပ်ကမ်းမှ မျှောချကြသည်။ ဤတွင် ဗြိတိသျှ စစ်တပ်သည် ကြည့်မြင်တိုင်ကို တိုက်ခိုက်၍ ပထမ မြန်မာ ခံတပ်ကို သိမ်းယူလေသည်။ မင်းကြီး မဟာ ဗန္ဓုလကို ရခိုင်တိုင်းမှ အမြန်ပြန်လာရန် ဆင့်ခေါ် လိုက်လေသည်။ စစ်သူကြီး ဗန္ဓုလသည် မုတ်သုန်မိုး အပြင်းထန်ဆုံး ရွာသွန်းနေချိန်တွင် တပ်မတော် တခုလုံးနှင့် အမြောက် လက်နက်များပါ သယ်ဆောင်၍ ရခိုင်ရိုးမကို အပြင်းချီတက် ဖြတ်ကျော် ခဲ့လေသည်။ ဤအချက်ဖြင့် မြန်မာတပ်များ၏ တပ်ချီ တပ်ဆုတ် လျင်မြန်မှု အစွမ်းကို ပေါ်လွင်စေခဲ့ရာ ဗြိတိသျှ စစ်ဗိုလ်များပင် အံ့သြ ခဲ့ကြလေသည်။ ဤသို့သော မြန်မာ့စွမ်းရည်ကို ပြောက်ကျား စနစ် စစ်ဆင်ရေးတွင် အသုံးချ သင့်သော်လည်း ဗန္ဓုလသည် ခေတ်မှီ လက်နက်များ တပ်ဆင်၍၊ အကျအန ပြင်ဆင်ထားသော ရန်သူ စစ်တပ်ကို ရှေ့မှနေ၍ ရင်ဆိုင် တိုက်ခိုက်လေသည်။ ဗန္ဓုလသည် ရွှေတိဂုံ ဘုရားနှင့် ကြည့်မြင်တိုင်ကို အဓိက ထား၍ တိုက်ခိုက်ခဲ့သည်။ မြန်မာတို့သည် ဗြိတိသျှတို့ တပ်စွဲဌာနသို့ ခံတပ်များကို တဖြေးဖြေး ရှေ့သို့ တိုး၍ တရွေ့ရွေ့ ချဉ်းကပ် လာကြပြီးနောက် အလုံးအရင်းနှင့် တိုက်ခိုက်ကြသည်။ ဗြိတိသျှ စစ်တပ်သည် ရွေ့လျားနေသော မြန်မာတပ် နီးကပ်လာသော် အဆက်မပြတ် ပစ်ခတ်ကြပြီးလျှင် ပတ်ပတ်လည်ရှိ မြန်မာတို့၏ ခံတပ်များကို ပတ်ခတ် ဖြိုဖျက်လေသည်။



မြန်မာတို့၏ သေနတ်မှာ ကျည်တခါ ပစ်ပြီး နောက်တဖန် ကျည်သွင်းရန် နှေးကွေး နေလေရာ ဒုတိယအကြိမ် ကျည်မသွင်းနိုင်မီ ဗြိတိသျှ စစ်သားများသည် မြန်မာတပ်တွင်းသို့ လှံစွပ်များဖြင့် ဝင်ရောက် တိုက်ခိုက် နိုင်လေသည်။ ရှေးယခင်က မြန်မာတို့ အဖို့ စစ်အောင်နိုင်မှုများကို ဖန်တီးခဲ့သော မြန်မာ ခံတပ်များမှာ ယခု အကြိမ်တွင် မြန်မာ့ သေတွင်းသဖွယ် ဖြစ်တော့သည်။ သို့သော် မြန်မာတို့သည် မလျှော့သော သတ္တိဖြင့် အသေခံ၍ ခုခံ တိုက်ခိုက်ကြသည်။ မြန်မာတို့သည် လက်နက်ချခြင်း၊ ထွက်ပြေးခြင်း မပြုကြဘဲ ဓား လှံကို စွဲကိုင်၍ ဗြိတိသျှ စစ်သည်တို့၏ သေနတ် လှံစွပ်များ အကြားသို့ တိုးဝင် ထိုးခုတ်ကြရာ ဗြိတိသျှတို့သည် အံ့သြ ကြရပြန်သည်။ တိုက်ပွဲမှာ လွန်စွာ ပြင်းထန်လှ သဖြင့် ဗြိတိသျှတို့သည် မြန်မာ့ တပ်မကြီးကို ရုတ်တရက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ချေ။ မြန်မာတို့လည်း ကုက္ကိုင်းတွင် တပ်များ ပြန်လည် စုရုံးရန် အချိန်ရလိုက်သည်။ သို့သော် ဤအဖြစ်မှာ ကြာရှည် တည်တံ့ခြင်း မရှိပေ။ ဗြိတိသျှတို့က အပြင်းအထန် တိုက်ခိုက်ပြန် သဖြင့် မြန်မာတပ်သည် ရွေ့လျားရ ပြန်သည်။ စစ်သူကြီး ဗန္ဓုလတွင် စစ်သည် ၇,၀၀၀ မျှသာ ကျန်ရစ်သော်လည်း ထိုစစ်သည်များနှင့်ပင် ဓနုဖြူခံတပ်သို့ ရွှေ့ပြောင်း ဆုတ်ခွာပြီးလျှင် နေပြည်တော်သို့ ရှေးရှု ချီတက်လာမည့် ဗြိတိသျှ စစ်ကြောင်းကို စောင့်ကြိုနေလေသည်။



ဗြိတိသျှ စစ်ဗိုလ်ချုပ် ဆာအာချီဘော ကင်းဘဲလ် တောင်းဆိုထားသော စစ်ကူတပ် ထပ်မံ ရောက်လာ ပြန်သောအခါ ဗြိတိသျှတို့သည် ပြည်မြို့ဘက်သို့ ဆက်လက်၍ စစ်ချီ တက်လေသည်။ ဓနုဖြူမြို့မှာ ဧရာဝတီ မြစ်ကြောင်းနှင့် ပုသိမ်သို့ ကုန်းကြောင်း ချီနိုင်သော စစ်ရေးရာ အချက်အချာ ဌာန ဖြစ်လေသည်။



မြန်မာတို့ တပ်စွဲရာ နေရာမှာ ကျယ်ပြန့်သော ပတ်ဝန်းကျင် တဝိုက်တွင် တခုတည်းသော ကုန်းမြင့် ဖြစ်လေသည်။ အကယ်၍ မြန်မာတို့တွင် ကောင်းမွန်သော အမြောက် လက်နက်များသာ အပြည့်အစုံ ရှိခဲ့ပါလျှင် မြစ်ကြောင်းမှ ဆန်တက်လာသော ဗြိတိသျှ စစ်တပ်ကို အချိန်ကြာမြင့်စွာ ဟန့်တားထားနိုင်ခဲ့မည် ဖြစ်လေသည်။ ဗန္ဓုလသည် ဗြိတိသျှတို့၏ စစ်ဆင်ရေး ညံ့ဖျင်းမှုများ တပ်စွဲပုံ စနစ်မကျမှုများကို သိမြင်သော်လည်း မြန်မာ စစ်တပ်၏ စည်းကမ်းစနစ် လက်နက် အင်အားမှာ ဗြိတိသျှတို့နှင့် ကွာခြားလွန်း သဖြင့် မည်သို့မျှ မတတ်နိုင်ချေ။ ဗန္ဓုလသည် တကြိမ် ထပ်မံ စစ်ရေး နိမ့်ခြင်းဖြင့် အသရေ မပျက်ရတော့ဘဲ တိုက်ပွဲတွင်ပင် ကျဆုံးလေသည်။ ဗန္ဓုလ ကျသည်နှင့် တပြိုင်နက် မြန်မာတပ်လည်း ပြိုကွဲ လေတော့သည်။ ဤတွင် ဗြိတိသျှ တပ်များသည် အဟန့်အတား မရှိ ပြည်မြို့သို့ ချီတက် နိုင်လေတော့သည်။



ဗြိတိသျှ စစ်တပ်သည် ပြည်တွင် တမိုးနားကြလေရာ မြန်မာတို့ အဖို့ နောက်ထပ် စစ်တပ်ကြီး တတပ် ထပ်မံဖွဲ့ရန် အချိန် ရပြန်သည်။ အချိန်ဆွဲသည့် သဘောဖြင့် ပြည်ဝန်ကြီးသည် စစ်ပြေငြိမ်းရေး စကားကို ကမ်းလှမ်းခြင်း ပြုခဲ့သည်။ ဤသို့ စကားကမ်းလှမ်း ဆဲတွင် ထပ်မံ ဖွဲ့စည်းသော မြန်မာ တပ်ကြီးသည် ပြည်သို့ အလျင်အမြန် ချဉ်းကပ်ကြသည်။ ဗြိတိသျှတို့သည် ပြည်မြို့မှ ထွက်၍ တိုက်ခိုက်သော အခါ ပွဲဦးထွက်၌ အခြေမလှသော်လည်း နောက်တိုက်ပွဲများတွင် မြန်မာတို့ ရှုံးနိမ့်ကာ တပ်ကြီး တကြိမ် ပြိုကွဲ ပြန်လေသည်။ ဗြိတိသျှတို့ ပြည်မှ ဆက်လက် ချီတက်ရာ မလွန်သို့ ရောက်လျှင် စစ်ပြေငြိမ်းပါက ဗြိတိသျှတို့ အလိုရှိသည့် အချက်များကို မြန်မာတို့က စုံစမ်းကြသည်။ ထိုအခါ ရခိုင်၊ တနင်္သာရီ၊ အာသံနှင့် မဏိပူရကို ဗြိတိသျှတို့ လက်သို့ အပ်နှင်း၍ စစ်လျော်ကြေးငွေ ၁ ကုဋေ ပေးရမည်ဟု တောင်းဆိုသည်။ တောင်းဆိုချက် များလွန်း သဖြင့် မြန်မာတို့ ပြန်ကြသည်။



ပုဂံမြို့ အနီးသို့ ဗြိတိသျှ စစ်တပ် ရောက်သော အခါ မြန်မာတို့သည် နောက်ဆုံးအကြိမ် ခုခံ တိုက်ခိုက် ကြသော်လည်း အောင်မြင်ခြင်း မရှိချေ။ ဗြိတိသျှ စစ်တပ်သည် နေပြည်တော်နှင့် ၄၅ မိုင်ကွာသော ရန္တပိုသို့ ရောက်သော အခါ မြန်မာတို့သည် ဗြိတိသျှတို့ အလိုရှိသော အချက်များကို လိုက်လျောမည်ဟု ဆို၍ စစ်ပြေ ငြိမ်းကြ လေတော့သည်။





ဒုတိယ အင်္ဂလိပ် - မြန်မာစစ်

From Myanmar Online Encyclopedia

Jump to: အညွှန်း​, ရှာဖွေရန်


ဒုတိယအင်္ဂလိပ် မြန်မာစစ် သည် ခရစ်နှစ်-၁၈၅၂ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့၍ ၁၈၅၃-ခုနှစ် ပုဂံမင်းလက်ထက်တွင် ပြီးဆုံးသည်။

[ပြင်ဆင်ရန်​] စစ်ဖြစ်ရခြင်း အကြောင်းရင်း


ထိုခေတ်တွင် ဗြိတိသျှတို့နှင့် ဆက်ဆံရသည်မှာ တချက်တိမ်း၍ မဖြစ်ရုံမျှ မက၊ မြန်မာတို့သည် ဗြိတိသျှ ပြုသမျှ နုရမည့် အခြေသို့ ရောက်နေလေသည်။ ဗြိတိသျှတို့သည် မိမိတို့၏ အလိုဆန္ဒ ဟူသမျှကို မြန်မာက လက်ငင်းချက်ခြင်း ဖြည့်ပေးစေ လိုလာကြသည်။ မြန်မာနိုင်ငံသို့ ရောက်နေသော ဗြိတိသျှ ကုန်သည်စုနှင့် သင်္ဘော ကပ္ပီတန်တို့သည် မြန်မာ အာဏာပိုင်များနှင့် ဆက်ဆံရသူများ ဖြစ်ရာ မြန်မာတို့ကို မိမိတို့၏ အလိုဆန္ဒ အတိုင်း ဆောင်ရွက် စေလိုကြသည်။ ဗြိတိသျှ အာဏာပိုင်များကလည်း ဗြိတိသျှ ကုန်သည်များနှင့် သင်္ဘော ကပ္ပီတန်တို့ အလိုကျ ဖြစ်စေရန် စီမံ ပေးရတော့သည်။ ဤသို့ ဗြိတိသျှတို့ သဘောထား ပြောင်းလဲပုံကို အိန္ဒိယ ဘုရင်ခံချုပ် လတ်မင်းကြီး ဒါလဟိုဇီ၏ ပြုမူ ဆောင်ရွက်ပုံများတွင် သိမြင်နိုင်သည်။ ဒါလဟိုဇီကား ဗြိတိသျှ အင်ပါယာ ချဲ့ထွင်ခြင်းသည် သဘာဝ တရား အတိုင်း ပြုမူခြင်းသာ ဖြစ်သည်ဟု ယူဆသူ ဖြစ်သည်။ ဗြိတိသျှတို့၏ ဂုဏ်သတင်း ထင်ရှားခြင်းကိုလည်း လိုလားသူ ဖြစ်လေသည်။ ဒါလဟိုဇီသည် တန်ခိုး အာဏာ လက်ကိုင်ရသူ ဖြစ်သည့် အလျောက်၊ အိန္ဒိယတွင် မိမိ အုပ်ချုပ်ရသော နယ်မြေများ၌ ဗြိတိသျှ အာဏာ ခိုင်မြဲရေးကို ဆင်ခြင်၍ မြန်မာတို့သည် တထီးတနန်းနှင့် လွတ်လပ်စွာ နေသမျှ ကာလပတ်လုံး အန္တရာယ် တခု ဖြစ်သည်ဟု ဆုံးဖြတ်ချက် ချခဲ့သူ ဖြစ်သည်။ မြန်မာနှင့် မလွဲမသွေ စစ်ဖြစ်ရမည်ကို ကြာမြင့်စွာကပင် ယူဆခဲ့သူ ဖြစ်လေသည်။ မဖြစ်လောက်သည့် အကြောင်းကိုပင် ရေးကြီး ခွင့်ကျယ် ပြု၍ စစ်ဖြစ်ရန် ဖန်တီး ခဲ့လေသည်။



၁၈၅၁ ခုနှစ်တွင် ဟံသာဝတီ မြို့ဝန် မင်းကြီး မဟာ မင်းလှ မင်းကျော်ခေါင်သည် ဗြိတိသျှ သင်္ဘော နှစ်စင်း ဖြစ်သော မောနတ်နှင့် ချံပီယံတို့မှ ကပ္ပီတန် ရှက်ပတ်နှင် လူဝစ်တို့ကို ဒဏ်ရိုက်ခဲ့သည်။ နှစ်ဦးစလုံးက ကလကတ္တားမြို့ရှိ ဗြိတိသျှ အစိုးရကို တိုင်ကြားသည်။ ဤတွင် ဒါလဟိုဇီသည် မြန်မာတို့ကို တင်းတင်းမာမာ အရေးဆိုရန် အချိန်သင့်ပြီဟု ယူဆသည်။ ၎င်း၏ အဆို တင်သွင်းချက်ကို မှတ်တမ်း၌ "အိန္ဒိယ အစိုးရသည် လုံခြုံ ခိုင်မြဲရေးကိုပါ ထောက်ထား၍ တိုင်းရင်းအစိုးရ အထူးသဖြင့် မြန်မာ နန်းတော်ကို တနေ့ တရက်မျှပင် အလျှော့ပေး၍ ဆက်ဆံ နေခြင်းငှာ မသင့်" ဟု ရေးသားခဲ့သည်။ ၎င်းသည် ဒဏ်ရိုက်သည့် ငွေကို မြန်မာတို့က ပြန်လည် ပေးဆပ်ရမည်။ ရန်ကုန် မြို့ဝန်ကိုလည်း ရွှေ့ပြောင်း ပေရမည်ဟု တောင်းဆိုလေသည်။ (ကပ္ပီတန် နှစ်ဦးသည် ဒဏ်ရိုက်ခံရသည့် ငွေထက်ပို၍ ပြောကြကြောင်း နောင်အခါ၌ တွေ့ရသည်။) ထိုကိစ္စ အတွက် အရေးဆိုရန် စစ်သင်္ဘော သုံးစင်းကို ကော်မိုဒို လမ်းဘတ် ကွပ်ကဲ၍ မြန်မာနိုင်ငံသို့ စေလွှတ် လိုက်သည်။ တောင်းဆိုချက်မှာ စင်စစ်အားဖြင့် နောက်ဆုံး ရာဇသံ စာပင် ဖြစ်သည်။ စာတွင် မြန်မာမင်းက ပြစ်မှားမှုကို ပြန်လည် ပြုပြင်ခြင်း မရှိလျှင် အစွမ်းကုန် အရေးယူမည်ဟု ပါလေသည်။



ဤအကြိမ်တွင် မြန်မာ နန်းတော်၏ ဆောင်ရွက်ပုံသည် ချေငံ သင့်တော်လှသည်။ ဟံသာဝတီ မြို့ဝန်ကို နေပြည်တော်သို့ ပြန်လာရန် အမိန့် ထုတ်လိုက်သည်။ ရွှေတောင် မြို့ဝန်ကို ရန်ကုန်သို့ ပြောင်းလဲ ခန့်ထား၍ အမှု အသွား အလာကို စုံစမ်း စစ်ဆေးပြီးလျှင် လိုအပ်သလို ပြုပြင် ဆောင်ရွက်ရမည်ဟု ချမှတ်လိုက်သည်။ ရန်ကုန်သို့ ရောက်လျှင် လမ်းဘတ်သည် အမေရိကန် သာသနာပြု ကင်းကိတ်နှင့် သင်္ဘော အရာရှိငယ်များကို မြို့ဝန်နှင့် တွေ့ဆုံရန် စေလွှတ်လိုက်သည်။ ၎င်းတို့သည် မြို့ဝန်၏ ဝင်းအတွင်းသို့ မြင်းစီး၍ ဝင်ကြမည် ပြုသောအခါ မြန်မာမင်း အမှုထမ်းများက ထိုသို့ ပြုခြင်းမှာ မြန်မာတို့ ထုံးတမ်း နှင့် မညီသောကြောင့် ဟန့်တားကြသည်။ လမ်းဘတ်သည် ဤ အပြုအမူကို ဗြိတိသျှတို့အား ရန်စခြင်း ဖြစ်သည်ဟု သူလိုရာ အဓိပ္ပါယ် ကောက်ယူပြီးနောက် ရန်ကုန် ဆိပ်ကမ်းကို ပိတ်ဆို့စေသည်။ သင်္ဘောလုပ်ငန်း ဌာနနှင့် ခံတပ်ကို အမြောက်နှင့် ပစ်ခွင်း စေသည်။ ထိုနောက် ဆိပ်ကမ်းတွင် တွေ့သမျှ မြန်မာ သင်္ဘောများကို နှစ်မြုပ်ပြီးလျှင် ထွက်ခွာ သွားလေသည်။ ဒါလဟိုဇီကလည်း စစ်တိုက်ရန် အသင့် ရှိပြီ ဖြစ်လေသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဒါလဟိုဇီသည် မြန်မာတို့က ဝန်ချ တောင်းပန်ရမည်ဟု ရာဇသံ စာပေး၍ လျော်ကြေးငွေ ကျပ် တသန်းကိုလည်း ပေးရမည်ဟု တောင်းဆို လိုက်သည်။ မြန်မာတို့က အကြောင်း မပြန်သောအခါ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် အဆင်သင့် ပြင်ထားသော ဗြိတိသျှ စစ်တပ်ကြီးသည် ရန်ကုန်သို့ ရေကြောင်းမှ ဝင်ကြလေသည်။

[ပြင်ဆင်ရန်​] အင်္ဂလိပ် မြန်မာ ဒုတိယ စစ်ပွဲ


ပုဂံမင်းသည် ဗြိတိသျှတို့ကို ခုခံတိုက်ခိုက်ရန် ရခိုင်ဒေသ၊ ပုသိမ်၊ မုတ္တမနှင့် ရန်ကုန်သို့ မြန်မာ စစ်တပ်ကြီးကို စစ်လေးကြောင်း ခွဲ၍ စေလွှတ်သည်။ ဒါလဟိုဇီသည် အုပ်ချုပ်ရေး၌ ကျွမ်းကျင် နိုင်နင်းသူ ဖြစ်သည်နှင့် အညီ၊ ပထမ စစ်ပွဲတွင် ဗြိတိသျှတို့ ကြုံတွေ့ခဲ့သည့် တိမ်းပါး ချွတ်ချော်မှုများကို သေချာစွာ လေ့လာခဲ့သည်။ သယ်ယူ ပို့ဆောင်ရေး၊ စားနပ်ရိက္ခာ ပို့ရေး၊ ဆေးဝါးနှင့် သူနာပြုစုရေး ကိစ္စများကို လစ်ဟင်းမှု မရှိအောင် ဆောင်ရွက်လေသည်။ ဤတကြိမ်၌ အင်္ဂလိပ်တို့ အတွက် ပို၍ အရေးသာသည်မှာ ရခိုင်နှင့် တနင်္သရီဒေသတို့၌ စစ်စခန်း ပြုလုပ်၍ ထိုမှတဆင့် စစ်တပ်များကို စေလွှတ်နိုင်ခြင်း ဖြစ်သည်။



ဗြိတိသျှ စစ်ဗိုလ်ချုပ် ဂျင်နရယ် ဂေါ်ဒွင်၏ အဆိုအရ မြန်မာတို့သည် ပထမ စစ်ပွဲကို တိုက်ခိုက်စဉ်ကထက် လက်နက်ကောင်းများ စွဲကိုင်ကြ၍ သတ္တိ အရာတွင်လည်း ယခင်ကထက် သာလွန်သည်၊ ပုသိမ်နှင့် ရန်ကုန်ကို ကောင်းစွာ ခုခံ ကာကွယ်ကြပြီးလျှင် မုတ္တမကို အပြင်းအထန် တိုက်ခိုက် ခဲ့သည်ဟူ၏။ သို့ရာတွင် အစစ၌ စစ်အင်အားချင်း မမျှလွန်းသဖြင့် အောက်မြန်မာနိုင်ငံကို သုံးလ အတွင်းတွင် ဗြိတိသျှတို့ သိမ်းပိုက် နိုင်ခဲ့ကြသည်။ သို့သော် မြန်မာတို့က အထက်ပိုင်းကို ပိုင်ဆိုင်ဆဲ ဖြစ်လေသည်။ ဒါလဟိုဇီသည် မြန်မာတို့ကို ထပ်ကြပ်မကွာ ဖိနင်း တိုက်ခိုက်ခြင်းဖြင့်၊ ဗြိတိသျှတို့ တောင်းဆိုသမျှကို လိုက်လျောစေရန် အဓမ္မပြု၍ မဖြစ်နိုင်ဟု ယူဆသည်။ မည်သည့် မြန်မာမင်းမျှ မိမိ တိုင်းပြည်ကို အပ်နှင်းခဲ့သည့် ဘုရင်ဟု ရာဇဝင် တင်ခြင်းကို နှစ်မြို့မည် မဟုတ်ချေ။ ထိုကြောင့် ၁၈၅၂ ခုနှစ် ဒီဇင်ဘာလတွင် ပဲခူးနှင့် မုတ္တမ ဒေသတို့ကို ဗြိတိသျှတို့ သိမ်းပိုက်ကြောင်း ကျေညာလိုက်သည်။



အောက်မြန်မာနိုင်ငံကို သိမ်းရာတွင် ဒါလဟိုဇီ၏ အကြောင်းပြချက်မှာ၊


(၁) အောက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ခြင်းဖြင့် ဗြိတိသျှတို့၏ အင်အားကို ထင်ရှားစေမည်၊


(၂) ယခင်က အရှုံးများကို ထေမိ၍ ဗြိတိသျှ၏ အနာဂတ် အတွက် စိတ်ချ ခိုင်လုံစေမည်၊


(၃) မြန်မာတို့၏ စစ်အင်အားကို လျော့ပါးစေမည်၊


(၄) ပဲခူးကို စရိတ်စက အကုန်အကျ နည်းနည်းဖြင့် အုပ်ချုပ်နိုင်မည် ဖြစ်သဖြင့် ကူးသန်း ရောင်းဝယ်ရေး တိုးတက်ပြီးလျှင် သဘာဝ ထွက်ကုန် ပစ္စည်းများကို မြောက်များစွာ ရနိုင်မည်၊ ဟူ၏။ [1]



ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်လျှော်ကြေးငွေ တစ်ကုဋေပေးရပြီး အောက်မြန်မာနိုင်ငံပါ သိမ်းယူခဲ့သည်။


တတိယ အင်္ဂလိပ် - မြန်မာစစ်

From Myanmar Online Encyclopedia

Jump to: အညွှန်း​, ရှာဖွေရန်


၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနှင့် အင်္ဂလိပ်တို့ စစ်မက်ဖြစ်ပွားခဲ့ကြသည်။ ၁၉ ရာစုတွင် မြန်မာနိုင်ငံနှင့် ဗြိတိသျှ အင်ပါယာတို့ စစ်မက်ကြီး ၃ ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ကြသည်။

မြန်မာပြည်၏ နောက်ဆုံးမိဖုရားစုဖုရားလတ်(အလယ်)၁၈၈၅-ခု၊ နိုဝင်ဘာလခန့် ဓာတ်ပုံ


* ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင်လည်း မြန်မာတို့ ရှုံးနိမ့်ခဲ့ကြရသည်။

* ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင်လည်း အင်္ဂလိပ်တို့အား မနိုင်ခဲ့ချေ။

* တတိယ အင်္ဂလိပ် - မြန်မာစစ် ပွဲတွင်လည်း မြန်မာတို့ လက်နက်ချခဲ့ကြရသည်။


သို့သော် မြန်မာတို့သည် အင်္ဂလိပ်တို့အား အဘယ်စစ်ပွဲတွင်မဆို လွယ်ကူစွာ အညံ့မခံခဲ့ကြချေ။ စစ်ပွဲသုံးကြိမ် ရှုံးနိမ့်ပြီးသောအခါ မြန်မာတို့သည် အခြေအနေ အရ သူ့ကျွန်ဖြစ်ခဲ့ရသည်။ သို့သော် "သူ့ကျွန်မခံလိုသောစိတ်" ကား မြန်မာတို့၏ ရင်ဝယ် အမြဲတမ်းကိန်းအောင်းလျက်ရှိသည်။ အခြေအနေကြောင့် တစ်ထစ်မျှ ကျဆင်းခဲ့ရသော ဘဝကို ဆယ်ထစ် ဆယ့်ငါးထစ်မျှ ရှေ့သို့ တိုးရန် သတ်မှတ်ထားကြ၏။ စိတ်ဝယ်တေးထားကြ၏။ စင်စစ် အားမတန် မာန်ချလိုရခြင်းဖြစ်သည်။ တော်လှန်ရန် စိတ်ဓာတ်ကား မြန်မာတို့ရင်ဝယ် တိုးလျက်ခုန်လျက် ရှိသည်။ မြောက်လျက် ကြွလျက်ရှိသည်။ "နေသေးသပ၊ ချုံထဲက" ဟု အားနှင့် မာန်နှင့် ငံ့လင့်လျက်ရှိကြသည်။မြန်မာတို့ စစ်ရှုံးရခြင်းကား၊ ခေတ်ကို အမှီမလိုက်နိုင်ခဲ့သော ချို့တဲ့မှုများကြောင့်သာလျှင် ဖြစ်သည်။


ဤစစ်ပွဲသည် ၁၉ ရာစုအတွင်း မြန်မာတို့အတွက် ဗြိတိသျှအင်ပါယာနှင့် နောက်ဆုံးစစ်ပွဲဖြစ်သည်။

Contents

[hide]


* 1 စစ်ဖြစ် ရသည့် အကြောင်းအရင်း

* 2 သမိုင်းနောက်ခံ

* 3 တိုက်ပွဲများစတင်

* 4 စစ်အောင်ခန်း- ခံတပ် တိုက်ပွဲ

* 5 ထူးပေါက်-ခံတပ် တိုက်ပွဲ

* 6 ဂွေးချောင်း-ခံတပ် တိုက်ပွဲ

* 7 ကြေးနန်းနှင့် မြန်မာတို့ စိတ်ဓာတ်

* 8 မင်းလှခံတပ် တိုက်ပွဲ

* 9 မြန်မာတို့ လက်နက်ချရခြင်းနှင့် သီပေါမင်း ပါတော်မူရခြင်း

* 10 စစ်ရှုံးခြင်း အကြောင်းအရင်းများ

* 11 တတိယ အင်္ဂလိပ် - မြန်မာစစ် ဓာတ်ပုံများ

* 12 ကိုးကား


[ပြင်ဆင်ရန်​] စစ်ဖြစ် ရသည့် အကြောင်းအရင်း


တတိယအင်္ဂလိပ်မြန်မာစစ် ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဘုံဘေဘားမားကုမ္ပဏီက သစ်ခိုးသည်ကို မြန်မာမင်းက ဒဏ်ရိုက်ခြင်းကို အင်္ဂလိပ်တို့က မကျေနပ်သည့်အတွက် မြန်မာနိုင်ငံ အထက်ပိုင်းကို ကျူးကျော်တိုက်ခိုက်ခဲ့သည့်အထိ ဖြစ်သည်။အခြေခံအားဖြင့် ၁။ နယ်ချဲ့ဝါဒီသည်သာလျှင် အဓိကဖြစ်သည်။

၂။ မင်းတုန်းမင်း လက်ထက်တွင် အိန္ဒိယပြည်ရှိ ဘုရင်ခံချုပ်ထံသို့ သံတမန်များ စေလွှတ်၍ ပဲခူးတိုင်း( အောက်မြန်မာပြည်) ကို ပြန်လည်ရရှိရန် ကြိုးစားသော်လည်း အင်္ဂလိပ်ဘုရင်ခံချုပ်က ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် သီပေါမင်းလက်ထက်တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား ဆက်သွယ်ရေး၌ အင်္ဂလိပ်ထက် ပြင်သစ်နှင့် အီတလီနိုင်ငံတို့ကို ပိုမိုရင်းနှီးစွာ ဆက်ဆံခဲ့ခြင်း။

၃။ အင်္ဂလိပ်တို့ကို ခုခံရန်အတွက် ပြင်သစ်၊ အီတလီတို့နှင့် ပူးပေါင်း၍ စစ်ရေးအကူအညီ၊ စိုက်ပျိုးရေးအကူအညီ၊ စီပွားရေးအကူအညီများ ယူခဲ့ခြင်းသည်ပင်လျှင် အင်္ဂလိပ်တို့၏ သိမ်းပိုက်လိုစိတ်ကို ပိုမိုလျှင်မြန်စေခြင်း။

၎။ ပြင်သစ်တို့သည် ၎င်းတို့ပိုင် တုံကင်(အင်ဒိုချိုင်းနား) နယ်မှ ရှမ်းပြည်ကို ဖြတ်၍ မီးရထားလမ်းဖောက်လုပ်ရန် စေ့စပ်လာရာ မြန်မာတို့က သဘောတူညီလိုက်ခြင်း။

၅။ ပြင်သစ်၏ စီးပွားရေးအကူအညီကို လက်ခံခြင်း။

၆။ ပြင်သစ်တို့ အာနန်-တုံကင်မှ အခြေစိုက်၍ တဖြည်းဖြည်း ယိုးဒယားပြည်ဘက်သို့ နယ်ချဲ့လာသောကြောင့် အထက်မြန်မာပြည်တွင် ပြင်သစ်အခြေမစိုက်မိစေရန်ရည်သန်၍ မြန်မာနိုင်ငံကို သိမ်းပိုက်ရန် အင်္ဂလိပ်တို့ အကြောင်းရှာခြင်း။

၇။ ဗြိတိသျှအရင်းရှင်ပိုင် ဘုံဘေဘားမား သစ်ကုမ္ပဏီမှ သစ်ခိုးထုတ်မှုနှင့် ပက်သက်၍ ထိုကုမ္ပဏီကို ဒဏ်ငွေတပ်သည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်ခြင်း။

၈။ သစ်ခိုးထုတ်မှုတွင် မြန်မာအစိုးရင့် ဗြိတိသျှအရေးပိုင်းတဦးက ပူးပေါင်းစစ်ဆေး၍ ၎င်းအရေးပိုင်အတွက် အစောင့်တပ်တစ်ခု မန္တလေးတွင် ချထားခွင့်ပြုရန် အင်္ဂလိပ်တို့က တောင်းဆိုခြင်း။

၉။ မြန်မာနိုင်ငံ၏ နိုင်ငံခြား ဆက်သွယ်ရေးကို ဗြိတိသျှတို့အား အပ်ရမည်ဟုဆိုခြင်း။ စသည့်အချက်တို့ကြောင့် ဖြစ်သည်။

[ပြင်ဆင်ရန်​] သမိုင်းနောက်ခံ

၁၈၈၅ ခုနှစ် မြန်မာ့ဒေါင်းအလံ

[1]အထက်ပါအချက်များဖြင့် အင်္ဂလိပ်-မြန်မာ စစ်ပွဲများဖြစ်ရန် တာစူနေချိန်၌ မြန်မာတို့သည် ခုခံတိုက်ခိုက်ရန် စစ်ပြင်ဆင်မှုများကို ပြုလုပ်ကြလေတော့သည်။


လက်ဝဲ ဝင်းတော်မှူးကြီး သီရိမဟာဇေယျကျောထင် ဘွဲ့ရ လှေသင်းအတွင်းဝန် ဦးရွှေမောင် အား အောက်မြစ်စဉ်ရေကြောင်း ဌာန အတွက် တာဝန်ပေးအပ်သည်။ တော်တွင်းကြီး စစ်ကြောင်းဌာန အတွက် မြို့ဝန်အက္ကပတ် မြင်းဝန် မြို့စား မင်းကြီး မဟာရာဇာကို တာဝန်ပေးအပ်သည်။ တောင်ငူစစ်ကြောင်းကို မြို့ဝန် ရွှေလှံဗိုလ် ကောလင်းမြို့စား မင်းကြီး မဟာမင်းခေါင်အနော်ရထာအား ပေးအပ်ထားခဲ့သည်။ အောက်မြစ်စဉ် စစ်ကြောင်းတွင် ပါဝင်ချီတက်သော တပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။


1. စက်ဝန်၊ ယွန်းစုဝန်မင်းရဲညွန့်တပ်.... ( လူ ၁၀၀)

2. တောင်ထားဝယ်ဗိုလ် ၏ တပ်.... (လူ ၁၀၀)

3. မြောက်ထားဝယ်ဗိုလ် ၏ တပ်.... (လူ ၁၀၀)

4. အမြောက်တပ်ခွဲ (ထိပ်ဝ လေးလက်မ အမြောက် ၁၀လုံးဖြင့်).... ( လူ ၅၀ )

5. စိန်လုံးရေ ( ၅) လက်နှင့် တပ်တစ်တပ်.... (မဖေါ်ပြ)

6. လက်ရွေးကြီး လှေသင်းဗိုလ်- မင်းထင်မင်လှရဲခေါင်သူရိန်၏ တပ်.... (လူ ၅၀၀ )

7. စင်္ကြာတင်အမြောက်လုံးရေ ၁၀ လုံး၊ စိန်လုံးရေ ၅ လုံးနှင့် တပ်တစ်တပ်.... (မဖေါ်ပြ)

8. ဖေါင်ဝန်မင်း မဟာမင်းထင်မင်းလှသီဟသူ၏ တပ်.... (လူ ၁၀၀၀)

9. လှေသင်း ဗိုလ် မဟာမင်းလှသိဒ္ဓိံကျော်စွာ၏ တပ်.... (လူ ၅၅၀ )

10. ပြည့်လုံးအံ့လှေသင်း ဗိုလ် မင်းကျော် သိဒ္ဓိရန်အောင်၏ တပ်.... (လူ ၅၅၀ )

11. မြောက်ထားဝယ်(လက်သုံး)မင်းထင်ရာဇာ၏ တပ်.... (လူ ၂၅၀ )

12. မြေထဲဝန်မဟာမင်းထင်မင်းလှခေါင်၏ တပ်.... (လူ ၂၅၀)၊


စုစုပေါင်းအားဖြင့် လူပေါင်း ၃၄၀၀၊ အမြောက် ၁၀ လက်၊ စိန် ၁၀ လုံး တို့ဖြင့် ဖွဲ့စည်းထားခဲ့ကြသည်။


ဧရာဝတီမြစ်ကြောင်းအတိုင်း၊ ခံစစ်အဖြစ်တာဝန်ယူထားရသော ဗိုလ်ချုပ် သီရိမဟာဇေယျကျော်ထင်ဘွဲ့ရ လှေသင်းအတွင်းဝန်) သည် ၎င်း၏ တပ်များကို မြန်မာအင်္ဂလိပ်နယ်ခြားဒေသများမှ၍ အောက်ပါအတိုင်း ခံစစ်ကြောင်း ခွဲကာချထားသည်။


1. ဆင်ပေါင်နယ် စစ်အောင်ခန်းခံတပ်။

2. ထူးပေါက်ခံတပ်။

3. ဂွေးချောင်းခံတပ်။

4. မင်းလှခံတပ်။

5. နောက်ကြောင်း အင်အားဖြည့်တပ် တို့ဖြစ်ကြသည်။


အင်္ဂလိပ်တို့ဘက်မှလည်း ရေကြောင်းဗိုလ်ချုပ်ကြီး ဆာ-ဖရက်ဒရစ်ချတ်၏ (ကပ္ပတိန် အာရ်- ဝုဒ်ဝပ်) ရေကြောင်းတပ်စုပြီးမှ ဦးစီးသော ရေတပ်ဖွဲ့တဖွဲ့ပါရှိသည်။ ၎င်းအဖွဲ့တွင် သင်္ဘော ၂၄ စင်း၊ တွဲသမ္ဗာန်ကြီး ၂၃ စင်း ပါဝင်သည်။


1. ခြေလျင်တပ်ကို ဗြိတိသျှ တပ်မဟာ ( ၃ ) တပ်။

2. အိန္ဒိယ အမျိုးသားတပ်မဟာ (၇) တပ်။


စစ်မြေပြင် စက်မှု-လက်မှု တပ်ခွဲပေါင်း (၆) တပ်။


1. မြေပြင်အဝေးပစ် အမြောက်တပ်ကြီး တပ်တစ်တပ်။

2. တောင်ပေါ်ပစ်အမြောက်တပ်ဖွဲ့ ၃ ဖွဲ့။


စသည်အားဖြင့် အင်အားပေါင်း ၉၄၆၇ ယောက် ပါဝင်သည်။ အမြောက် ( ၇၇ ) လက်ပါဝင်ပြီး ၎င်းတို့အထဲတွင် ၂၇ လက်မှာ အမြန်ပစ် စက်သေနတ်များ ဖြစ်သည်။

[ပြင်ဆင်ရန်​] တိုက်ပွဲများစတင်


ဗိုလ်ချုပ်ပရင်ဒါဂတ်စ်သည် သူ၏ ခြေလျင်တပ်များကို တပ်မကြီး (၃) တပ်ခွဲ၍ ဗိုလ်ချုပ်မှုး-ဖိုးရားဒ်)၊ ဗိုလ်ချုပ်မှုး-ဝှိုက်၊ ဗိုလ်ချုပ်မှုး-နော်မန် တိုးအား ဦးစီးစေသည်။ အင်္ဂလိပ်တို့၏ အထက်ပါ တပ်များသည် ခ၏၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း မြန်မာနယ်ထဲသို့ စတင်ချီတက်ကြကာ မင်းလှခံတပ်နှင့် အင်္ဂလိပ်တို့ စတင်တွေ့ရှိတိုက်ခိုက်ကြသည်။ မြန်မာတို့ဘက်မှမူကား အထက်ဖော်ပြပါအတိုင်း ခံစစ်ကြောင်း ၅ ကြောင်း ခွဲဝေချထားလျက် ဆီကြိုတိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေကြလေသည်။ ဆင်ပေါင်ဝဲအနီး ထူးပေါ်ကရွာမှ အရှေ့ဘက်မြစ်အလည်ရှိ လွန်ချည်ကွန်းအထိ၎င်း၊ မလွန်အနီးနှင့် မင်းလှအနီးတွင်၎င်း၊ မြစ်အတွင်းသို့လှေများ၌ ကျောက်ခဲများတင်၍ မြှုပ်ပြီး ရေကြောင်း ပိတ်ဆို့မှုများ ပြုလုပ်ထားလေသည်။

[ပြင်ဆင်ရန်​] စစ်အောင်ခန်း- ခံတပ် တိုက်ပွဲ


၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ် ပရင်ဒါဂတ် ခေါင်းဆောင်သော တပ်သား ၉၄၆၇ ဦးခန့် ရှိသည့် ဗြိတိသျှ ရေတပ်-ကြည်းတပ်များသည် အထက်မြန်မာနိုင်ငံ၏ နယ်စပ်ဖြစ်သော နယ်ခြားကျောက်တိုင် ကို ဖြတ်ကျော် ချီတက်လာသည်။ ၎င်းနောက် စစ်အောင်ခန်း ခံကတုတ်ကို ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ မြန်မာ့တပ်မတော်မှ မင်းထင်ရာဇာတပ်များနှင့် မြေထဲမြို့ဝန် မဟာမင်းလှမင်းခေါင်တပ်များက စိန်ပြောင်းတို့ဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်သည်။

မြန်မာ့ရေတပ်မှ သင်္ဘောတစ်စင်း


အီတလီလူမျိုး ကွန်မွန်တို ဦးစီးသော မြန်မာတပ်ဖွဲ့က အင်္ဂလိပ်သင်္ဘောများအား မချီတက်နိုင်ရန်၊ ရေတိမ်​ရာ နေရာများတွင် ငြောင့်များ ထောင်ထားကြသည်။ ကွန်မွန်တို ဦးစီသော တုလွတ်ယာဉ်ကျော် သင်္ဘောသည် အင်္ဂလိပ်တို့ အဖမ်းခံရသည်။ ကွန်မွန်တိုနှင့် မြန်မာ့ တပ်မတော်သားများကား လွတ်မြောက်သွားသည်။

[ပြင်ဆင်ရန်​] ထူးပေါက်-ခံတပ် တိုက်ပွဲ


နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဧရာဝတီမြစ်ဝဲယာရှိ ဆင်ပေါင်ဝဲနှင့် ညောင်ပင်မှော်ခံတပ်များကို ဖြတ်ကျော်ချီတက်သည်။ ထိုသို့တိုက်ခိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ထူးပေါက်ကတုတ်၊ မင်းလှခံတပ်နှင့် ဂွေးချောင်းခံတပ်တိုကို သိမ်းယူရန်ဖြစ်သည်။ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဇောင်ခြမ်းရွာရောက်ပြီး အင်္ဂလိပ်တပ်များသည် သင်္ဘောပေါ်မှ ကမ်းသို့ တက်သည်။ ၁၁ နာရီ ၁၅ မိနစ်တွင် ထူးပေါက်ခံကတုတ်သို့ ရောက်သည်။ တိုက်ပွဲဖြစ်ပွားကြသည်။ မြန်မာတို့က ပြင်းပြင်းထန်ထန်ခုခံ တိုက်ခိုက်ကြပြန်သည်။ ၃ နာရီခန့် ခုခံပြီးနောက် အင်အားခြင်းမမျှသဖြင့် ပန်းတော်ပြင် ကတုတ်သို့ ဆုတ်ကာ မင်းရဲညွန့်တပ်နှင့် ပေါင်းရသည်။ အင်္ဂလိပ်တို့က ထူးပေါက်ခံကတုတ်ကို သိမ်းယူကာ မီးရှို့ဖျက်ဆီး ပစ်ရုံသာမက၊ မြန်မာတို့၏ ကြေးနန်းရုံကိုပါ သိမ်းပိုက်လိုက်သည်။

[ပြင်ဆင်ရန်​] ဂွေးချောင်း-ခံတပ် တိုက်ပွဲ


နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဗိုလ်ချုပ် ပရင်ဒါစဂတ်စ် သည် ကြည်းတပ်ရင်း ၉ ရင်း၊ ရေတပ်တတပ်တို့ဖြင့် ဂွေးချောင်းခံတပ်ကို တိုက်ခိုက်ရန် စီစဉ်သည်။ အစီအစဉ်အရ နံနက် ၈ နာရီတွင် အင်္ဂလိပ်ရေတပ်သည် ပတ္တနဝိုရ်ရွာ၏ အထက်နားတွင် တပ်စွဲကာ ကုန်းပေါ်သို့ တက်ရောက်တိုက်ခိုက်ရန် စီစဉ်ပြန်သည်။ ထိုနေရာမှ၊ သည်ဂွေးချောင်းခံတပ်ပေါ်သို့ မျှော်ကြည့်လိုက်လျှင်ကား မြန်မာ့စစ်တံခွန်၊ စစ်အလံတို့သည် လေကစားတိုင်း တလူလူ လှုပ်ရှားလျက်ရှိသည်။ မောက်တို၊ မောက်ရှည်၊ ဗာလည်ကွေးများ ဝတ်ဆင်ထားသော မြန်မာ့စစ်သည်တော်များကိုကောင်းမွန်စွာ မြင်ရနေသည်။ ထိုနေ့၌ပင် တိုက်ပွဲကြီးဖြစ်ပွားသည်။ အပြန်အလှန်ပစ်ကြ ခတ်ကြသော အမြောက်စိန်ပြောင်းတို့ အသံကား၊ မိုးပြိုသကဲ့သို့ပင် လွန်စွာကျယ်လောင်လွန်းလှသည်။အင်္ဂလိပ်တို့သည် ဘေးပတ်လည်မှ ညှပ်၍ ဂွေးချောင်းခံတပ်ကို တိုက်ခိုက်ကြသည်။ လက်နက်အင်အား မမျှတခြင်း၊ ကျွမ်းကျင်မှု အင်အား မမျှတသော မြန်မာတို့မှာ အရေးမသာတော့ချေ။ တတ်နိုင်သမျှ ခုခံကြသော်လည်း အင်္ဂလိပ် ကုန်းတပ်၊ ရေတပ်တို့၏ ညှပ်ပိတ် တိုက်ခိုက်ခြင်း ခံရကား နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီတွင် ဂွေးချောင်းခံတပ်ကျဆုံးရသည်။ ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်မှုး မင်းကျော်သိဒ္ဓိရန်အောင် ကျဆုံးရလေသည်။ မြန်မာတို့သည် မင်းထင်မင်းလှ ကျော်ခေါင်တပ်၊ မဟာမင်းထင်မင်းခေါင်တပ်တို့ ပူးပေါင်းကာ၊ လူအင်အား ၁၀၀၀၊ ဆင် ၅၀၀၊ မြင်း ၅၀၀ တို့ဖြင့် ဆုတ်အပ်သော လက်သီး၊ စည်းအပ်သော ထင်းချောင်းပမာ ကြံ့ခိုင်စွာ ဖွဲ့စည်းထားသည်။

[ပြင်ဆင်ရန်​] ကြေးနန်းနှင့် မြန်မာတို့ စိတ်ဓာတ်


ဂွေးချောင်း ခံတပ်တိုက်ပွဲဖြစ်နေစဉ် ဧရာဝတီမြစ် အနောက်ဖက်ရှိ ပန်းတောပြင် ခံကတုတ်၌လည်း သဲသဲမဲမဲ တိုက်ပွဲဖြစ်လျက်ရှိသသည်။ ထိုစဉ် မန္တလေးလွှတ်တော်မှ အင်္ဂလိပ်တပ်များအား ခုခံ မတိုက်ခိုက်ရ။ ခုခံလျင် သူပုန်” ဟူသော ကြေးနန်းရောက်လာ၏။ ထိုနောက်တစ်ဖန် “ရန်သူအင်္ဂလိပ်တို့အား ဆက်တိုက်။ နောက်ထပ် စစ်ကူများ ပို့ပေးသည်” ဟူသော ကြေးနန်းရောက်လာပြန်သည်။ မြန်မာတို့ကား မတိုက်ခိုက်ရဘဲ အင်္ဂလိပ်တို့အား ဒူးထောက်အရှုံးမပေးနိုင် ဟု ဆိုကာ ရွတ်ရွတ်ချွတ်ချွတ်တိုက်ခိုက်ရန် ဓါးသွေးကာ အားမွေးလျက်ရှိသည်။ ဂွေးချောင်း ခံတပ်ကျဆုံးပြီးနောက် မြန်မာတို့သည် စုမိသမျှ အင်အားနှင့် ခုခံရန် ဦးကင်းဘုရားတွင် စောင့်ဆိုင်းနေ၏။ နိုဝင်ဘာလ ၁၇ ရက်နေ့ တနေ့ခင်း တခင်းလုံး လည်းကောင်း၊ ဦးကင်းဘုရာမှ ခုခံတိုက်ခိုက်ကြသော်လည်း အင်္ဂလိပ်ထိုးစစ်အား ပြင်ထန်လာသဖြင့် ကုန်းရွာသို့ ဆုတ်ခွာပေးလိုက်ရသည်။ ၎င်းမှ တဖန် တဖြည်းဖြည်း မင်းလှမြို့တွင်းသို့ အရောက်ဆုတ်ခွာကာ ခုခံရသည်။ မြန်မာတို့သည် ရေကြောင်း၊ ကြည်းကြောင်းတို့တွင် အဖက်ဖက်မှ ကျဆုံးခဲရသည်။ တခုတည်းသော အားကိုရာမှာ မင်းလှခံတပ်သာလျှင် ကျန်တော့သည်။

ယနေ့ခေတ် မင်းလှခံတပ်

[ပြင်ဆင်ရန်​] မင်းလှခံတပ် တိုက်ပွဲ


အင်္ဂလိပ်များသည် အစီအစဉ်အတိုင်း မင်းလှခံတပ်ကို တိုက်ခိုက်သည်။ အင်္ဂလိပ်နံပါတ် ၁၁ ဘင်းဂေါလ် ခြေလျင်တပ်က ခံတပ်၏ အနောက်ဖက် တံခါးမကြီးကို အတင်းဖွင့်ရန် ကြိုးစားတိုက်ခိုက်ကြသည်။ မြန်မာတို့ကလည်း ပြင်းထန်စွာပင် အမြောက်ကြီးများ၊ မားစကက် သေနတ်များဖြင့် ခုခံကြသည်။ အနီးကပ်တိုက်ပွဲများ ဖြစ်သည်ကတစ်ကြောင်း၊ လမ်းခရီးကွေ့ကောင်သည်က တကြောင်း စသည်တို့ကြောင့် အင်္ဂလိပ်တပ်များသည် အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် အင်္ဂလိပ်တို့အဖို့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ကြတော့ချေ။ မြန်မာတို့ကလည်း ဇွဲသတ္တိ ကြီးမားစွာ ခုခံနေကြောင်းတွေ့ရသည်။ ကာနယ်ဆင်ဗဆင်သည် သူ့တပ်သားများအား စုရုံးကာ မင်းလှခံတပ်သို့ အတင်းချီ၍ ခံတပ်၏ အပေါ်ထပ်သို့ ခက်ခဲစွာ တက်ကြသည်။ အင်္ဂလိပ် ရေတပ်မှလည်း မင်းလှခံတပ်သို့ အမြောက်များဖြင့် လှမ်း၍ပစ်ပေးနေသည်။ မြန်မာတပ်သားများ၊ အင်္ဂလိပ်တပ်သားတို့ ဘတပြန်-ကျားတပြန် လုံးထွေးတိုက်ခိုက်ကြသည်။ မြန်မာ့တပ်မတော်မှလည်း အင်္ဂလိပ် သင်္ဘောများကို အမြောက်များနှင့် ပြန်လည်ပစ်ခတ်သည်။ ထိုစဉ် ဘင်္ဂေါခြေလျင်တပ်ရင်း ၁၂ သည် ခံတပ်၏ တောင်ဘက်မှကွေ့၍မြစ်ကမ်းပါးဘက်တွင် နေရာယူပြီး၊ ခံတပ်၏ အရှေ့ဘက် တံခါးမကြီးကို ဝင်ရောက်တိုက်ခိုက်သည်။ မြန်မာတို့ဘက်မှ ရှိသမျှအင်အား၊ လက်နက်ခဲယမ်းများဖြင့် အစွမ်းကုန် ကြိုးစားခုခံကြသော်လည်း လက်နက်ချင်းမမျှ ကျွမ်းကျင်မှုတွင်လည်း ကွာခြားလေသောကြောင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ် အချိန်တွင် မင်းလှခံတပ်မှာ အင်္ဂလိပ်တို့ လက်အောက်သို့ ကျဆုံးခြင်း ခံလိုက်ရလေသည်။ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်သား ၁၇၀ ခန့် ကျဆုံးပြီး ၂၇၆ ယောက်ခန့် အဖမ်းခံရလေသည်။[2] နောက်နေ့တွင် အင်္ဂလိပ်တို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ချီတက်လာကြသည်။ မကွေးမြို့၌ ဧရာဝတီမြစ်ကြောင်းကို ပိတ်ဆို့ရန် တာဝန်ပေးခြင်း ခံရသော အီတလီလူမျိုး ကိုမိုတိုနှင့် မိုလီနာရီတို့ လက်နက်ချရလေသည်။

ညောင်ဦး၊ ပခုက္ကူ၊ မကွေးမြို့များကို သိမ်းယူလေသည်။

မင်းလှခံတပ်တိုက်ပွဲအပြီး


နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သောင်ဦးမြို့၌ အင်္ဂလိပ်တို့ ချီတက် တိုက်ခိုက်ခြင်းကို မြန်မာတို့က အမြောက်များဖြင့် ပစ်ခတ်ကာကွယ်ခဲ့ကြသည်။ သို့သော် အင်္ဂလိပ်တို့သည် မြို့ထဲသို့ ရောက်ရှိအောင် ချီတက်တိုက်ခိုက် ပြီး သောင်ဦးမြို့ကိုသိမ်းပိုက်လိုက်သည်။ ၂၄ ရက်နေ့တွင် ပခုက္ကူမြို့ကို ဖြတ်ကျော်ပြီး မြင်းခြံမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ အင်္ဂလိပ်တပ်များသည် ရန္တပိုရွာကို ၂၆ ရက်နေ့၌ ရောက်ရှိဖြတ်ကျော်ကြသည်။ ၎င်းနေ့တွင် ငဇွန်ရွာအနီးတွင် မြန်မာဘုရင်ထံမှ ကျောက်မြောင်းအတွင်းဝန် နှင့် ဝတ်မစွတ်ဝန်ထောက်တို့ ဦးဆောင်သော အဖွဲ့မှ စစ်ပြေငြိမ်းရေးစကား ကမ်းလှမ်းသည်ကို အင်္ဂလိပ်တို့က လက်မခံဘဲ ငြင်းဆိုလိုက်သည်။ ထိုနောက် ၂၇ ရက်နေ့တွင် အင်းဝမြို့သို့ ချီတက်လေသည်။

[ပြင်ဆင်ရန်​] မြန်မာတို့ လက်နက်ချရခြင်းနှင့် သီပေါမင်း ပါတော်မူရခြင်း

သီပေါမင်း ပါတော်မူ၍ မြန်မာတို့ ဝမ်းနည်းစွာ နှုတ်ဆက်နေရပုံ


နောက်ပိုင်း၌ တိုက်ပွဲများမှာ ပြင်းထန်မှု မရှိတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ကင်းဝန်မင်းကြီး ဦးကောင်းသည် အင်္ဂလိပ်တို့နှင့် ပြေလည်စေရန် လိုလားပြီး အင်္ဂလိပ်တပ်များအား ဆက်လက်တိုက်ခိုက်ခြင်း မပြုရန် အမိန့် ထုတ်ပြန်ခဲ့သည်။ သို့သော် ဦးကောင်း၏ အမိန့်တော်ကို မြန်မာ့တပ်မတော် အချို့သာ လိုက်နာပြီး အချို့မှာမူ လိုက်နာခြင်း မရှိသဖြင့် တိုက်ပွဲများမှာ ဟိုတစ သည်တစ တိုက်ခိုက်နေခဲ့ကြသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အင်းဝခံတပ်ရှိ ဗိုလ်မှူးကင်း၊ အတွင်းဝန်ခေါင်ဆောင်သော မြန်မာတပ်များကို အင်္ဂလိပ်တို့ ဝန်းဝိုင်း တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် နေပြည်တော်မှ အမိန့်အရ မြန်မာတို့ လက်နက်ချလိုက်ရသည်။ ထို့အပြင် နိုဝင်ဘာ ၂၈ ရက်နေ့၌ မန္တလေးနေပြည်တော် ဆိပ်ကမ်းသို့ အင်္ဂလိပ်တပ်များ ​ရောက်ရှိသည်။ ၎င်းနေ့တွင် အင်္ဂလပ်တပ်များက နန်းတော်သို့ ချီတပ်ဝန်းရံပြီးနောက် သီပေါမင်းနှင့် ကင်းဝန်မင်းကြီး ဦးဆောင်သော မြန်မာမှုးမတ်များနှင့် တွေ့ဆုံ၍ လက်နက်ချရန် စကား ကမ်းလှမ်းခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာတို့လက်နက်ချရလေသည်။ဗိုလ်ချုပ် ပရင်ဒါဂတ် ဦးဆောင်သော အင်္ဂလိပ်တပ်များသည် စစ်အခမ်းအနားဖြင့် ချီတက်ကာခဲ့ပြီး နောက် မြန်မာဘုရင် သီပေါမင်းနှင့် ဘုရင့်မိဖုရား စုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ထိုနောက် တတိယ အင်္ဂလိပ်မြန်မာစစ်ပြီးဆုံးခဲ့သည်။ တဆက်တည်းတွင် အထက်မြန်မာနိုင်ငံသည်လည်း ဗြိတိသျှကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ရသည်။

[ပြင်ဆင်ရန်​] စစ်ရှုံးခြင်း အကြောင်းအရင်းများ


မြန်မာတို့ အင်္ဂလိပ်တို့အား စစ်ရှုံးရခြင်းသည် ခေါင်းဆောင်တို့၏ ညီညွတ်မှု မရှိခြင်းကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ နန်းတွင်းရေး မငြိမ်သက်မှုများကြောင့် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး အုပ်စုကွဲများ များပြားလာလေသည်။ ထိုသို့ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး ကွဲ၍ စည်းလုံးညီညွှတ်ခြင်း မရှိသဖြင့် အုပ်ချုပ်ရေး ညံ့ဖျင်းလာခဲ့သည်။ အမိန့်နာခံမှု မရှိ၊ စည်းကမ်းသေဝပ်ခြင်း ကင်းမဲ့လာခဲ့သည်။ စီးပွားရေးဘက်တွင်လည်း တောင့်တင်းမှု မရှိခဲ့ခြေ။ အင်္ဂလိပ်တို့က လက်နက်အင်အား လူအင်အား ၊ ထောက်ပံ့ပို့ဆောင်မှု စွမ်းအင်များသည် မြန်မာတို့ မယှဉ်သာအောင် ကောင်းမွန်လျက်ရှိသည်။ မြန်မာနိုင်ငံရေး အခြေအနေ မငြိမ်မသက် ဖြစ်နေပြီး နန်းတွင်းရေး အရှုပ်အထွေးများကြောင့် အမြဲတမ်း မြန်မာ့တပ်မတော်နှင့် အရေးပေါ် ဆင့်ခေါ်၍ ဖွဲ့စည်းထားသော တပ်များသည် အင်္ဂလိပ်တို့အား တစည်းတလုံးတည်း တိုက်ခိုက်ခြင်း၊ အချိန်နှင့် ကိုက်၍ တိုက်ခိုက်ခြင်း မပြုနိုင်ခဲ့ခြင်းသည်လည်း အကြောင်းအရင်းတစ်ရပ် ဖြစ်ခဲ့သည်။ စည်းလုံးညီညွှတ်သော ဦးဆောင်မှုများလည်း ကင်းမဲ့နေခဲ့သည်။ မြန်မာတို့သည် ခေတ်နှင့် အလိုက်တိုးတက်လျက်ရှိသော စစ်ပညာများကို လျစ်လျူ ရှုခဲ့မိသဖြင့် ပထမ နှင့် ဒုတိယ အင်္ဂလိပ် -အင်္ဂလိပ်မြန်မာစစ်ပွဲများ ရှုံးနိမ့်ခဲ့ရလေသည်။ ထိုသို့ ရှုံးနိုမ့်ခဲ့ရခြင်းကို ပြုပြင်ရန် ကြိုးစားခဲ့သော်လည်း အချိန်နှောင်းခဲ့ရသောကြောင့်ဖြစ်နိုင်သည်။ [3] [4]